၄၆(U+Z)

10.5K 1.3K 10
                                    

Unicode

ဂျူလိုင်လလယ်လောက်တွင် ရှောက်ချန်၏ပထမဆုံးဝတ္ထုကိုထုတ်ဝေနိုင်ခဲ့လေသည်။ ဈေးကွက်ထဲဖြန့်ချိမည့်ရက်ကတော့ ပိုင်ယန်၏မွေးနေ့တွင်ဖြစ်လေသည်။ သိထားသည်မှာကြာပြီဖြစ်သော်လည်း ပိုင်ယန်မှာ ဖြန့်ချိမည့်ရက်ရောက်တော့ထပ်ပြီး စိတ်လှုပ်ရှားပြန်လေသည်။

ရှောက်ချန်က ပထမဆုံးထုတ်ဝေသောစာအုပ်လေးကို ပိုင်ယန်၏မွေးနေ့လက်ဆောင်အနေနှင့် ပေးလေသည်။ အထဲက စာရွက်တွင် စာရေးသူအမည် ရှောက်ချန်သာမက ပိုင်ယန်၏နာမည်လည်းပါလေသည်။ ပိုင်ယန်၏နာမည်မှာ အယ်ဒီတာအနေနှင့်တွဲလျက်ပါလာခြင်းဖြစ်၏။

ပိုင်ယန်က ထိုစာရွက်လေးကိုတွေ့တော့မရယ်ဘဲမနေနိုင်တော့ဘဲ-
“ကျွန်တော်ကဖြင့် ပထမတစ်ရွက်ကိုပဲ စာပြင်ပေးတာကို ကျန်တာအများစုက စာစစ်သဘောမျိုးပဲလေ”

ရှောက်ချန်ကပြန်ပြော၏။
“မင်းစာတစ်လုံးမှမပြင်ရလည်း ကိုယ် အနာဂတ်ထုတ်ဝေမယ့်စာအုပ်တိုင်းမှာ မင်းနာမည်ပါနေဦးမှာပဲ”

ပိုင်ယန်က ရှက်သွေးဖြာသွားပြီး-
“ရူးလိုက်တာ....”

“မင်းဘာပြောလိုက်တယ်”
ရှောက်ချန်က သူ့မေးလေးကိုညှစ်လိုက်ပြီး သူ့ကိုတည့်တည့်ကြည့်စေလိုက်ကာ အေးစက်စက်မျက်နှာထားနှင့် ပြီတီတီပြုံးလိုက်ကာ-
“မင်းကသတ္တိတွေအရမ်းရှိနေတာပေါ့လေ”

ပိုင်ယန်က အကြောက်အလန့်မရှိဘဲ-
“အဲ့ဒါခင်ဗျား အလိုလိုက်ထားတာကြောင့်လေ”

ရှောက်ချန်ကထိန်းမရစွာနှုတ်ခမ်းထောင့်စွန်းလေးများကော့တက်ကာပြုံးလိုက်လေသည်။

“ဒါဆို ကိုယ်ပိုပြီးကြိုးစားပေးရမှာပေါ့”

နေ့လည်တွင် သူတို့နှစ်ယောက်လုံး စာအုပ်တိုက်မသွားတော့ဘဲ ပိုင်ထောင်းကို မိဘများမြှုပ်နှံထားသော သင်္ချိုင်းမြေဆီသို့ခေါ်သွားပေးလေသည်။

ရှောက်ချန်က ပိုင်ယန်နှင့်တစ်ခါလာဖူးသည်။ ဒီတစ်ခါ သူပိုင်ထောင်းကိုခေါ်ခဲ့ပေးပြန်သည်။ ပိုင်ယန်က ပိုင်ထောင်းအခြေအနေပြန်ဆိုးသွားမည်ကို စိုးရိမ်၍ အခုမှခေါ်လာပေးနိုင်ခြင်းပေ။

Affection[Complete]Where stories live. Discover now