၂၅(U+Z)

11.3K 1.5K 13
                                    

Unicode

ဤသို့နှင့် ပိုင်ယန်လည်း ရှောက်ချန်၏ဗီလာကြီးဆီသို့ပြောင်းလာခဲ့ရသည်။ သူ့ကိုတတိယထပ်ကရှောက်ချန်၏အိပ်ခန်းဘေးကအခန်းတွင်နေစေသည်။ ရှောက်ချန်ကသူ့အားဘာကြောင့်ရုတ်တရက်ကြီးထပြီးဂရုစိုက်ပေးလာရတာလဲဆိုတာ သူနားမလည်သေးချေ။ ရှောက်ချန်ကိုအကြိမ်ပေါင်းများစွာမေးခဲ့သော်လည်း သူအဖြေတိတိကျကျပြန်မရခဲ့ပေ။

နှစ်ဦးလုံးက မေဂျာလည်းမတူသလို အတန်းချိန်များကလည်းမတူကြပေ။ များသောအားဖြင့် ညစာစားမှသာတွေ့ဖြစ်ကြလေသည်။ သို့သော်လည်း ရှောက်ချန်မှာညစာစားပြီးသည်နှင့်သူ့အခန်းထဲတန်းဝင်သွားလေ၏။ ရှောက်ချန်၏အခန်းတံခါးမှာအမြဲလိုလိုဖွင့်ထားသော်လည်း ပိုင်ယန်သည်သူ့ကိုသွားအနှောင့်အယှက်မပေးရဲပေ။

သူတို့ပုံစံသည် တိုက်ခန်းကျယ်တစ်ခုတည်းတွင်ငှားနေကြသောအိမ်ငှားများကဲ့သို့တသီးတခြားဆန်လွန်းလှသည်။

နှစ်ပတ်ကုန်ဆုံးသွားပြီးသည့်နောက် Sတက္ကသိုလ်တွင် ကျောင်းသားများမျှော်လင့်နေခဲ့သောဆောင်းရာသီအားလပ်ရက်ရောက်လာချေပြီ။

ဆောင်းရာသီပိတ်ရက်မှာပိုင်ယန်အတွက်ငွေရှာရန်အခွင့်အရေးကြီးဖြစ်လေသည်။ စာအုပ်တိုက်ကအင်တာဗျူးမအောင်သည့်ကိစ္စမှာလည်း ပိုင်ယန်ကိုခဏတာမျှသာစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး သိပ်မကြာခင်မှာပဲ သူပြန်ပြီးတက်ကြွလာရသည်။ သူရှောက်ချန်အိမ်တွင်စနေကတည်းက ရှောက်ချန်ပေးသောအင်္ကျီ၊ အသုံးအဆောင်ပစ္စည်းများကိုသေချာကြည့်ပြီးစျေးနှုန်းများမှတ်သားထားလေ့ရှိသည်။တန်ဖိုးကြီးလာလေလေ၊ သူစိတ်ထဲလေးပင်လာရလေလေဖြစ်လာ၏။ နောက်ဆို ထိုပမာဏအတိုင်းသူရှောက်ချန်ကိုပြန်ဆပ်ရမည်ဖြစ်သောကြောင့်ပင်။

သို့ပေမယ့် သူရှောက်ချန်ကိုအရင်ခွင့်တောင်းရမည်။ နှစ်ဦးစလုံးကတစ်မိုးအောက်တွင်နေနေသည့်အတွက် သူအစောကြီးထွက်သွားပြီးနောက်ကျမှပြန်လာလျှင် အရင်ခွင့်တောင်းထားမှအဆင်ပြေမည်။ မဟုတ်လျှင်လည်း ရှောက်ချန်ကရိပ်မိမည်ဖြစ်သောကြောင့်ပင်။ ရှောက်ချန်ကထိန်းချုပ်လိုစိတ်ကြီးမားတာကြောင့် သူသာခွင့်မတောင်းဘဲအပြင်ထွက်သွားလျှင် ရှောက်ချန်ကဒေါသပုန်ထမည်မှာအမှန်ပင်ဖြစ်လေသည်။

Affection[Complete]Where stories live. Discover now