၂၄(U+Z)

11.5K 1.5K 22
                                    

Unicode

နောက်ဆုံးတော့ သူတို့ဆေးရုံရောက်သွားကြပြီ။ ရှောက်ချန်ခေါ်သွားချင်သောဆေးရုံမှာပိုင်ယန်၏ညီမလေးတက်နေသောဆေးရုံနှင့်တစ်ဆေးရုံတည်းဖြစ်နေ၏။ ရှောက်မိသားစု၏ကိုယ်ပိုင်ဆေးရုံကြီးဖြစ်သည်။

ဒီနေ့ အမှတ်မထင်သောဖြစ်ရပ်ဆန်းကြယ်များအတော်များများဖြစ်နေ၍ ပိုင်ယန်မှာတစ်ခုပြီးတစ်ခုအလျဥ်းမီအောင်လိုက်နေရလေသည်။

ရှောက်ချန်က အခုလည်း သူ့ကို သူအလွန်တရာမှရင်းနှီးသောဆေးရုံခန်းတစ်ခုဆီသို့ခေါ်သွားလေသည်။

တံခါးပေါက်ကိုဖြတ်လာပြီးနောက် ပိုင်ယန်၏စိတ်ထဲတစ်ခုခုကိုသဘောပေါက်မိသွားလေတော့သည်။ သို့ပေမယ့် သူ မယုံနိုင်ပေ။

ရှောက်ချန်ကဆေးရုံကုတင်နားအထိသွားပြီးပိုင်ထောင်းလေးလှဲအိပ်နေသောကုတင်ပေါ်သို့ကြည့်ကာ ဖြည်းညင်းစွာဆိုလိုက်၏။

"မင်းညီမလေးက တကယ်ချစ်ဖို့ကောင်းတာပဲ''

ပိုင်ယန်ခဏလောက်ဘာပြောရမှန်းမသိဖြစ်နေပြီးမှ သူ တစ်ခါကရှောက်ချန်နှင့်အတူညစာစားနေရင်း သူ့ညီမလေးကချစ်ဖို့ကောင်းကြောင်းကြွားထားဖူးမှန်း အမှတ်ရသွားလေသည်။ ရှောက်ချန် အဲ့တုန်းကစကားလေးကိုအခုထိမှတ်မိနေလိမ့်မယ်လို့သူမထင်ခဲ့မိပေ။

"ခင်ဗျား....သိနေတာလား''

"အင်း မနေ့ညတုန်းကဆရာဝန်တစ်ယောက်ပြောမှသိတာ''

ရှောက်ချန်ကသူ့ကိုကြည့်ရင်း မျက်နှာခပ်တည်တည်နှင့်ပြောလာသည်။

ပိုင်ယန်လည်း အခုမှ သူစိတ်ရှုပ်ထွေးမတတ်စဥ်းစားနေခဲ့ရသော ရှောက်ချန်၏ထူးဆန်းလာသောအပြုအမူများ၏အဖြေကိုရပြီးသားဖြစ်သွားလေတော့သည်။

ရှောက်ချန်မနေ့ညကသူ့ဆီဘာကြောင့်လာခဲ့တာ၊ ဘာကြောင့်သူ့ကိုဆေးရုံလိုက်ပို့ပေးတာ၊ ဘာကြောင့်သူ့ကိုရုတ်တရက်လာနမ်းလဲဆိုတာ၊ ဘာကြောင့်ရုတ်တရက်ကြီးသူ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလာတာလဲဆိုတာ...
ဘာကြောင့်လဲဆိုတော့ ရှောက်ချန်ကသူ့အခြေအနေကိုအကုန်သိသွားလို့သာ၊ သူ့ကိုသနားပြီးစာနာစိတ်ဝင်လာလို့သာ သူ့အပေါ်အခုလိုကောင်းကောင်းမွန်မွန်လေးဆက်ဆံပေးနေတာပင်။

Affection[Complete]Where stories live. Discover now