၂၈(U+Z)

11.1K 1.5K 11
                                    

Unicode

ရှောက်ချန်အိမ်ပြန်လာတော့ ပိုင်ယန်ကစာကြည့်ခန်းထဲမှာလိမ်လိမ်မာမာလေးစာထိုင်ဖတ်နေသည်ကိုတွေ့လိုက်၏။ ရှောက်ချန်ဝင်လာသည်ကိုတွေ့လိုက်သောအခါ ပိုင်ယန်မှာချိုသာစွာပြုံးလိုက်လေသည်။

"ပြန်လာပြီလား သူဋ္ဌေး ကျွန်တော်တို့ဘယ်အချိန်အလုပ်စလုပ်ကြမလဲ''

"အခု''
ရှောက်ချန်ကဂျက်ကက်ကိုချွတ်လိုက်ပြီး ကွန်ပျူတာစားပွဲနားကထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာပြော၏။
"ကိုယ်မင်းကိုစာမူစစ်ဖို့ပေးမယ်''

ပိုင်ယန်လည်းကွန်ပျူတာကိုဖွင့်ကာကြည့်လိုက်၏။ အခုရှောက်ချန်ဝယ်ပေးထားသောကွန်ပျူတာအသစ်မှာ အရင်ကအဟောင်းထက်အဆများစွာလျင်မြန်လေသည်။ သေချာပေါက်ကို သူထိုကွန်ပျူတာအဖိုးအခကိုလည်းရှောက်ချန်ကိုပေးရမည့်စာရင်းထဲတွင်မှတ်တမ်းတင်ထားလေ၏။

တစ်အောင့်ကြာသောအခါ ရှောက်ချန်၏ဖိုင်အကုန်လုံးသူ့ကွန်ပျူတာထဲရောက်လာလေသည်။ ပိုင်ယန်ခမျာပျော်လွန်း၍ စိတ်လွတ်သွားမည်ကိုမနည်းထိန်းထားရလေသည်။ သူကရှောက်ချန်၏စာမူကိုပထမဆုံးဖတ်ရသောစာဖတ်သူလေးဖြစ်လေ၏။ ထိုမျှသာမက ရှောက်ချန်၏ယုံကြည်ကိုးစားခြင်းကိုပါရထား၍ သူ့ကိုစာစစ်ခိုင်းခြင်းမဟုတ်ပါလော။

"ကျွန်တော်ကခင်ဗျားလောက်မကျွမ်းကျင်ဘူးလေ။ ဒါကြောင့် မှားတာမျိုးသိပ်မရှိလောက်ဘူးလို့ကျွန်တော်တော့ထင်တာပဲ''
သူကစာမူကိုမစစ်ခင်အရင်ပြောပြထားလိုက်လေသည်။

ရှောက်ချန်ကပေါ့ပေါ့ပါးပါးသာပြန်ပြော၏။
"ကိုယ့်ကိုယ်ကိုနှိမ့်ချမနေနဲ့။မင်းက နှစ်တိုင်း စကော်လာရတဲ့ထူးချွန်ကျောင်းသားမဟုတ်ဘူးလား''

"ခင်ဗျားဘယ်လိုသိလဲ''
ပိုင်ယန်မှာအနည်းငယ်အံ့သြသွားရလေသည်။ စကော်လာကျောင်းသားစာရင်းမှာလူသိမခံဝံ့သောစာရင်းမဟုတ်သော်လည်း မည်သူမည်ဝါရသည်ဆိုသောသတင်းမှာမူလူသိသိပ်မများလှပေ။ အယုတ်စွဆုံး သူ့သူငယ်ချင်းမလေးကျီရှောင်ယွင်တောင် သူဘာဆုရမှန်းမသိချေ။

ရှောက်ချန်ကသူ့မေးခွန်းကိုပြန်မဖြေဘဲ-
"မဟုတ်တာတွေလျှောက်ပြောမနေနဲ့တော့။ စာမူသာဖတ်ကြည့်''
စကားပြောပြီးနောက် သူ့ရှေ့က ကွန်ပျူတာဖက်ကိုပြန်လှည့်ပြီးစာရေးနေပြန်၏။

Affection[Complete]Where stories live. Discover now