Arc 1.2

4.4K 336 22
                                    

Unicode

(ထူးခန့်ပိုင်ကို ကုချန်းဖေ့ လိုပဲသုံးမယ်နော်🙆‍♀️)

ချန်းဖေ့အိမ်ရောက်တော့ ဧည့်ခန်းထဲမှဦးလေးကြီးတစ်ယောက်ကသူအားစိုက်ကြည့်နေတာတွေ့လိုက်ရသည်။ ထိုသူကတော့ ကုသခင်ကြီးပင်။

"ချန်းဖေ့ မင်းဒီလိုပဲနေတော့မှာလား"

"နေပါဘူး ရပ်ရတာညောင်းတယ်ထိုင်နေမှာ ဟီး"

ကုသခင်ကြီးကတော့ သူ့အားစပ်ဖြဲဖြဲလုပ်နေသော သားတော်မောင်အားဘယ်လိုဆုံးမရမလဲသာတွေးနေမိတော့သည်။မိတဆိုးလေးမလို့အလိုလိုက်ချင်သော်လဲမဖြစ် လမ်းမှားရောက်သွားမှာဆိုးတာကြောင့် ငယ်စဥ်ထဲက ချော့တစ်ခါခြောက်တစ်လှည့် ထိန်းလာရသည်မဟုတ်ပါလား။

"အဲ့တာကိုပြောတာမဟုတ်ဘူး လူကြီးကိုစပ်ဖြဲဖြဲနဲ့ ကျောင်းတက်ဖို့ပြောနေတာ အဝေးသင်တက်ပြီး ဒီ့အဖေရဲ့လုပ်ငန်းဘက်ကလေးလှည့်ကြည််ပါဦးလား"

"ပါး သားအဝေးသင်မတက်ချင်ဘူး ပြီးတော့ပါးလုပ်ငန်းက ဦးလေးတို့ရှိတာပဲကို"

"ဟင်းးးးး မင်းဦးလေးကိုမယုံလိုပေါ့ချန်းဖေ့ရာ အဝေးသင်မတက်ချင်လဲရတယ် ဒါပေမဲ့ company မှာလဲအလုပ်ကလေးရင်လုပ်ဦး အချိန်တန်ရင်ဒီ company ကမင်းပဲအုပ်ချုပ်ရမှာ လုပ်ငန်းအကြောင်းနားလည်အောင်လုပ်ထားမှ ပါးပြောတာနားလည်လားချန်းဖေ့"

ချန်းဖေ့ပါးကိုကြည့်တော့ အတော်လေးစိတ်ညစ်နေပုံပင် အသက်ကြီးတာတစ်ကြောင်း company ကအလုပ်ကိစ္စတွေကြောင့်ဖြစ်မယ်ထင်သည်

"သားနားလည်ပါတယ်ပါး သားကူလုပ်မှာပါ "

"အင်းသွားနားတော့"

"ဟုတ် ပါး ကောင်းသောညပါ အိုက်နီ"

ချန်းဖေ့လဲ အပေါ်ထပ်တက်ကာ မူလကိုယ်ရဲ့မှတ်ညဏ်ထဲမှအခန်းကိုရှာလိုက်သည်။ သူအခန်းထဲရောက်တော့ အဖြူရောင်အသုံးဆောင်မြောက်များစွာကိုတွေလိုက်ရသည်။
သူကုတင်ပေါ်တွင် အိပ်လိုက်ပြီး

'ပိုင်လေး မူလကိုယ်ကအဖြူတော်တော်ကြိုက်တဲ့ပုံပဲ'

[ဟုတ်တယ် host မူလကိုယ်က အဖြူထည်လေးပါ]

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now