Arc 3.12

2.3K 181 6
                                    

' ပိုင်ပိုင်ရေ စိတ်ကြွေဆေးလေးပေးပါဆို '

[ 500တန်လား 250တန်လား 200 တန်လားပြော ]

' 250 တန်ပေး ရွှန်းကအပြင်းဆုံးနဲ့မတန်ဘူး '

[ ဟုတ်ကဲ့ host စိတ်ကြွဆေးတွေ250တန် ဝယ်ယူခြင်းပြီးဆုံးပါပြီ]

* အပြင်းဆုံး 500 တန်လေးကတော့ host အတွက်အထူး🤭 *

' ပိုင်ပိုင် အဲ့ဆေးကိုရွှန်းရဲ့အရက်ခွက်ထဲထည့်ပေး အခုမဟုတ်သေးဘူးနော် ဇာတ်လိုက်ကိုအာရုဲလွဲပြီးမှ ထည့်လိုက် တကယ်လို့သူပွဲခင်းထဲကထွက်သွားတယ်ဆိုရင် သူ့နောက်ကိုလိုက်သွား hd လေးကောင်းကောင်းရိုက်ခဲ့ '

[ ဟုတ်ကဲ့ပါ host ]

ပိုင်ပိုင်လေးကို အစီစဥ်ပြောပြီးတာနဲ့ ကျေးမူအစီစဥ်အကောင်ထည်ဖော်ရတော့သည်။ ကျေးမူတစ်ယောက် ဗီလိန့်အနားကိုကပ်နေပြီး ဇာတ်လိုက်သဝန်တိုအောင်စလုပ်ပါတော့သည်။ ဇာတ်လိုက်ကဗီလိန့်ကိုလှည့်အကြည့် ကျေးမူကလဲဗီလိန့်ကို ပြေးဖက်လိုက်တာကြောင့် မသိရင်သူနဲ့မော်ဂန်ကရည်စားတွေလိုပင်။ ထိုအရာကို မျက်လုံးနီဖြင့်ကြည့်နေသူနှစ်ယောက်ကတော့ ခွန်းနဲ့ စက် ပင်။တရားခံမော်ဂန်နဲ့ ကျေးမူကတော့ နောက်ဖြစ်လာမဲ့ပြဿကိုမြင်ပဲ ပျော်ရွှင်စွာစကားပြောနေလေသည်။

ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြတဲ့ ပိုင်ပိုင်နဲ့မော်ဂန်ဟာ နောက်ဖြစ်လာမဲ့အရာသာသိရင် ပျော်နေနိုင်ပါဦးမလား.....

ခွန်းကတော့  မော်ဂန်အနားတောက်တဲ့လို့ကပ်နေတဲ့ ကျေးမူကိုအမြင်မကြည်တော့ ထိုအချိန် ရွှန်းရောက်လာပြီး

" ကိုခွန်း ဒီမှာကိုခွန်းအတွက် ရွှန်းယူလာပေးတာ သောက်လိုက်နော် "

" ကျစ် "

ခွန်းလဲ စိတ်ရှုပ်နေတာကြောင့် ရွှန်းယူလာပေးတဲ့အရက်ခွက်ကို အကုန်မော့သောက်လိုက်တော့သည်။ ပြီးတာနှင့် မော်ဂန်ရှိရာသို့ မြန်မြန်လျှောက်သွားကာ ကျေးမူဘေးနားမှခေါ်ထုတ်ရတော့သည်။

' ပိုင်ပိုင် ဆေးခတ်လိုက်တော့ ကြည်ကြည်လေးရိုက်နော် '

[ ပိုင်ပိုင်ပါ host ရာ ယုံကြည်စိတ်ချလိုက် ]

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now