Arc 7.4

1.5K 154 7
                                    

Unicode

အဲလက်ဇန်းဒါးမျိုးနွယ်စုတွင်

တိတ်ဆိတ်ပြီး အေးစက်ခွန်းလှတဲ့လေထုရှိနေတဲ့ ချားလော့အဆောင်တွင် အဖြူရောင်မွေ့ရာပြင်ထက် မေ့မြောနေတဲ့ကောင်လေးတစ်ယောက် ထိုကောင်လေးရဲ့ဘေးတွင်တော့ ချားလော့ ဆေးဆရာအပြင် အစေခံငယ်လေးနှစ်ယောက်ရှိလေသည်။

မွေ့ယာပေါ်က ကောင်လေးကတော့ လူနာ ဖြစ်ပြီးအခုချိန်ထိ အိမ်မက်ကမ္ဘာထဲကမနိုးထသေးပေ။ အခုဆိုလူနာမေ့မြောနေတာ သုံးနာရီနီးပါးကြာမြင့်နေပြီ။ ချားလော့ရဲမျက်နှာကမဲမှောင်နေပြီး အခုချက်ချင်းလူထသတ်တော့မဲ့ပုံပေါ်သည်။ ဆေးဆရာနဲ့ အစေခံငယ်နှစ်ယောက်လဲ ကြောက်ဒူးတုန်နေကြသည်။

ထိုတိတ်ဆိတ်တဲ့ အဆောင်ထဲဝယ် ချားလော့ရဲ့ အလိုမကျမှုပေါင်းစွာပါတဲ့ " ဘာလို့ အခုထိ သတိမရသေးတာလဲ " ဆိုတဲ့စကားက  ဆေးဆရာကို ဇောချွေးပျံစေဖို့လုံလောက်သည်။

" ကြင်ယာတော်လောင်းက အားနည်းနေတာမလို့ မေ့မြောနေတာပါ ဒီအစေခံက ကြင်ယာတော်လောင်းအတွက် အားဆေးပေးခဲ့လိုက်ပါမယ် "

ဆေးဆရာက ချားလော့ကို အမြန်ပြန်ဖြေလိုက်သည်။ ဆေးဆရာရဲ့စကားဆုံးသော်လဲ ချားလော့ရဲ့ အလိုမကျတဲ့မျက်နှာဟာ တထစ်မှလျော်မသွားချေ ထိုအစား ဆေးဆရာဆီသို့ အဓိပ္ပာယ်ပါပါ စူးရှတဲ့အကြည့်တစ်ချက်ရောက်လာသည်။

ဆေးဆရာလဲ ချားလော့အကြည််ကြောင့်
" နောက်  နောက်ပြီးတော့ ကြင်ယာတော်လောင်းကို သီတင်းပတ် ၁ပတ်မျှ အနားယူစေလိုပါတယ် အားရှိတဲ့အစားစာတွေလဲစားစေလိုပါတယ် ဒါမှ .. ဒါမှ အခုလိုမူးလဲတာမျိုးမဖြစ်တော့မှာပါ ပြီးတော့ ကြင်ယာတော်လောင်းက ဒေသအပြောင်းအလဲကြောင့် ဖျားနာသွားနိုင်ပါတယ် "

ဆေးဆရာစကာ့ဆုံးတော့ ချားလော့ရဲ့ အလိုမကျမျက်နှာဟာအနည်းငယ်ပြေလျော့သွားပြီး
" ဒီသခင်သိပြီ ဆေးတွေကို ကြင်ယာတော်ရဲ့ အစေခံကိုပေးခဲ့လိုက်ပါ "

" ဒီအစေခံသိပါပြီ "

" သွားတော့ "

ဆေးဆရာလဲ ချားလော့ကို အရိုသေပေးပြီးထွက်သွားသည်။ ဆေးဆရာထွက်သွားတာနဲ့ အစေခံငယ်လေးနှစ်ယောက်လဲ အလျင်အမြန်ထိုအဆောင်ထဲမှထွက်သွားခဲ့သည်။ အခုထိုအဆောင်ထဲကျန်ခဲ့တာကတော့ ချားလော့ရယ် လူနာရယ် အရိပ်အဖွဲ့ခေါင်းဆောင် Z ရယ်ပဲဖြစ်သည်။

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now