Arc 7.7

1.4K 149 10
                                    

Unicode

ဝီလီလျံမျိုးနွယ်စုတွင်

မျိုးနွယ်စုရဲ့ တစ်ခုတည်းသော မုန််အချိုဆိုင်တွင်ဖြစ်သည်။

" ကောင်စုတ်လေး လာစမ်း ပိုက်ဆံမပေးပဲ ယူချင်နေတာ "

" အား... ရုပ်ဆိုးဆိုးဒေါ်ကြီး လွတ် နာတယ် "

ကောင်လေးတစ်ယောက်နဲ့နားရွက်ကို ဒေါ်ကြီးတစ်ယောက်ကဆွဲထားပြီး ထွက်ပြေးဖို့လုပ်နေတဲ့ခြေထောက်ကိုတော့ ညွတ်သွားအောင်ကန်လိုက်သည်။

" ဘာ! ရုပ်ဆိုးဆိုးဒေါ်ကြီး ဟုတ်လား ကောင်စုတ်လေးသေပြီမှတ် "

" အာ့ နာတယ် "

ဘေးနားကလူတွေက မဆွဲပဲဝိုင်းကြည့်နေကြသည်။ ကောင်လေးက သူမတရားခံရတဲ့ပုံစံနှင့်

" မြင်လို့ကောင်းကြရဲ့လား ကျွန်တော်ဘာအပြစ်မှ မလုပ်ပဲ ဒီအဒေါ်ကြီးရိုက်နေတာ ကြည့်လို့ကောင်းရဲ့လား အီးဟီးးးး "

ကောင်လေးပြောလိုက်တော့ လူအုပ်ထဲက သက်လတ်ပိုင်းလူရွယ်က ပြောလိုက်သည်။

" အဟမ့် မင့်မကယ်ချင်လို့တော့မဟုတ်ပါဘူး မင့်ရိုက်နေတဲ့အဒေါ် အဲလေ အမကြီးက မင့်အဒေါ်ရင်းလေ ဝင်ဆွဲရင်ငါတို့ကြားညှပ်မှာပေါ့ "

" ဟွန့် ကိုကိုမကောင်းဘူး အာ့ဒေါ်ဒေါ်  ဒီမယ် နားရွက်ပြတ်တော့မယ်  "

ကောင်လေးရဲ့အဒေါ်က နားရွက်ကိုဖိဆွဲရင်း
" ကောင်စုတ်လေး မသိရင်ငါကနင့်ကိုနှိပ်ဆက်နေတဲ့အတိုင်း " လို့ ပွစိပွစိပြောရင်း ကောင်းလေးကိုဆွဲထူလိုက်သည်။

စောနက ဝိုင်းကြည့်နေကြတဲ့လူထုကတော့ တဖြည်းဖြည်းပါးကျသွားလေသည်။ ဒါက သူတို့မျိုးနွယ်စုမှာ နေ့တိုင်းဖြစ်ပျက်နေတဲ့ အရာမလို့ အထူးအဆန်းလုပ်ပြီးကြည််အနေတော့ပေ။

" ဒေါ်ဒေါ်ကသားအဒေါ်လေ ဒေါ်ဒေါ့်ဆိုင်က မုန််လေးတစ်ခုယူစားတာအပြစ်လား "

" အေးနင့်အပြစ်မဟုတ်ဘူး နင်လက်လှမ်းမှီတဲ့နေရာထားတဲ့ငါ့အပြစ် "

" လက်လှမ်းမမှီတဲ့နေရာထားမယ်ဆို ခေါင်းမိုးပေါ်တင်ထားပေါ့ "

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now