Arc 4.10

1.7K 168 2
                                    

Unicode

[ mission တစ်ခုအောင်မြင်သွားလို့ ဂုဏ်ယူပါတယ် host ]

ဝူဆော့တစ်ယောက် တစ်ကိုယ်တော်လွမ်းဆွေးနေတုံး ဆဲဗင်းရဲ့အချက်ပေးသံကြောင့်  ကြောင်သွားသည်။ သူသရုပ်မဆောင်ရဘူးလေ။

' ဟင် ငါဘာမှမလုပ်ရသေးဘူးလေ '

[ တကယ်တော့ host ဒရမ်မာခင်းနေတုံး ဇာတ်လိုက်တို့နှစ်ယောက်ရောက်လာတယ် ပြီးတော့ ဂျန်ညီကိုပြောနေတာတွေအကုန်ကြားသွားတယ် ဇာတ်လိုက်မက သူတို့ကိုသွေးခွဲနေကြောင်းကိုပေါ့ ]

' ဪ အဲ့တော့  ဘာဆက်ဖြစ်သွားလဲ '

[ ဇာတ်လိုက်က ဇာတ်လိုက်မကို စခန်းကမောင်းထုတ်လိုက်တယ် ဂျန်ညိကိုနှစ်ယောက်ကိုလဲမောင်းထုတ်ပေမဲ့ သူတို့နှစ်ယောက်က host အနားမှာနေချင်လို့ဆိုပြီး ကျန်ရစ်ခဲ့တယ် ]

ဂျန်ညီကိုလက်က လွတ်ပါဦးမလား? တစ်ခါထဲထွက်သွားလိုက်တာမဟုတ်ဘူး။ မင်းဘယ်လောက်မုန်းမုန်း  ကိုယ်ကတော့ဆက်ချစ်နေမယ်ဆိုပြီး ဇာတ်လမ်းရိုက်ချင်နေတာလား

' ဪ ဇာတ်လိုက်မကိုစောင့်ကြည််ပေး ဆဲဗင်း ပြီးတော့ သိပ္ပံပညာရှင်ရဲ့...'

[ သိရပါပြီ host  Dမြို့ရဲ့တစ်နေရာမှာပါ ]

' အင်း မူလဇာတ်အကြောင်းတိုင်းဆို ရိက္ခာတွေရှားတော့မှာမလား Dမြို့ကိုမကြာခင်သွားရတော့မယ်မလား '

[ ဟုတ်တော့ဟုတ်တယ် host ဒါပေမဲ့ကျွန်တော့်စိတ်ထင် ဇာတ်လိုက်မကငြိမ်မနေလောက်ဘူး Dမြို့မသွားခင် ဒါမှမဟုတ် သူက Dမြို့ကိုအရင်ရောက်သွားပြီး ဇာတ်ကြောင်းကိုပြောင်းပြန်လှန်တော့မယ်ထင်တယ် ]

' အင်း အဲ့တာကြောင့်မလို့ ဇာတ်လိုက်မကိုစောင့်ကြည့်ခိုင်းထားတာ အကြောင်းထူးတာနဲ့ငါ့ကိုလာပြော '

[ ဟုတ်ကဲ့ host လိုအပ်ရင်ခေါ်လိုက်ပါ ]

ဆဲဗင်းတစ်ယောက် လိုင်းဆင်းကာ သူ့ host ခိုင်းတဲ့တာဝန်ထမ်းဆောင်ရန်ထွက်သွားလေသည်။ ဆဲဗင်းထွက်သွားပြီး ခဏအကြာတွင်တော့ ဝူဆော့ရှိရာသို့ ဂျန်ညီကိုနှစ်ယောက်ရောက်လာသည်။

" senorita "

" ခင်ဗျားတို့ မသွားသေးဘူးလား "

" ကိုယ်တို့ကိုနှင်မထုတ်ပါနဲ့လားကွာ ကိုယ်တို့ကမင်းလေးတစ်ခုခုဖြစ်မှာစိုးရိမ်လို့ပါ "

ဗီလိန်အားကယ်တင်ခြင်း(System) Tahanan ng mga kuwento. Tumuklas ngayon