Arc 3.5

2.7K 210 0
                                    

ကျေးမူလဲ လူရှင်းတဲ့နေရာသို့ ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။ နောက်ကအဖွဲ့ကလဲ သူ့အား မျက်ခြေမပြတ်လိုက်နေသည်။
တစ်နေရာအရောက်တော့ ကျေးမူရပ်လိုက်ပြီး နောက်ကလိုက်လာတဲ့အဖွဲ့ကို စောင််နေလိုက်သည်။

" ဟက် ညီလေးက ဒီကကိုကြီးတို့ကိုစောင့်နေတာပေါ့ ဘာလဲထွက်ပြေးဖို့အင်အားမရှိတော့ဘူးမလား "

".........."

ကျေးမူပြန်မဖြေပဲ ငြိမ်နေလိုက်သည်။ ဒါကိုသူ့ရှေ့ကအဖွဲ့က သူတို့ကိုကြောက်တယ်ထင်ကာ

" ကောင်းတယ် ကောင်းတယ် အဲ့လိုမျိုးလိမ္မာနေပါ အားကုန်ခံပြီးရုန်းနေရင် မင်းလဲပင်ပန်းတယ် ငါတို့လဲပင်ပန်းတယ် " ပခုံးကိုပုတ်ကာ ပြောနေသည်။

ကျေးမူငြိမ်နေတာအကြောင်းရှိသည်။ သူ ဒီအဖွဲ့ကိုအသေသတ်ချင်စိတ်ပေါက်နေပြီ ဒေါသကိုထိန်းကာသူ့အသားကို နာအောင်မလုပ်မိကြဖို့ပဲဆုတောင်းရသည် မဟုတ်ရင် ထိုအဖွဲ့ကလူတွေရဲ့အသက်ကိုအာမခံနိုင်မည်မဟုတ်တော့ ဘာကြောင့် ဒေါသတွေအလုံးအရင်းထွက်နေလဲ ဒါကတော့ရှင်းပါတယ် မူလကိုယ်ကသူတို့အဖွဲ့ပေါ်ထားတဲ့အငြိုးတွေကြောင့်ပေါ့။ မူလကိုယ်ကထိုအဖွဲ့ကိုရှင်းပစ်ဖို့တွေးဘူးသည်။ သူတို့ရဲ့မကောင်းသတင်းကိုဖော်ထုတ်ကာ ကျောင်းကိုမလာနိုင်အောင်အထိပင် လုပ်ပစ်မယ်ဟုကြွေးကြော်ဘူးသည်။ အခုတော့မူလကိုယ်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အချိန်တန်ပြီ။

[ အဟမ်း host ဒေါသလေးထိန်းပါဦး မူလကိုယ်ရဲ့လွမ်းမိုးမှုကိုမခံပါနဲ့ ]

' ပိုင်ပိုင် မူလကိုယ်ကငါ့ကိုလွမ်းမိုးမထားပါဘူး ငါအသိစိတ်ရှိသေးတယ် ပြီးတော့ အဲ့အဖွဲ့ကိုသတ်ချင်တယ်ဆိုတာကအကြောင်းရှိတယ် မူလကိုယ်က အဲ့အဖွဲ့အကြောင်းရှာထားတာရှိတယ် သူတို့အဖွဲ့က အားနွဲ့သူကိုအနိုင်ကျင့်ယုံတင်မဟုတ်ဘူး မိန်းကလေးတွေကိုလဲမဖွယ်မရာတွေလုပ်သေးတယ် ကလေးတောင်မချန်ဘူး ပြီးတော့သူတို့ကအကြီးအကဲတွေရဲ့သားတွေ အဖေအာဏာနဲ့မိုက်လုံးထွားနေတဲ့သကောင့်သားတွေကိုသတ်လို့မရဘူးလား '
[ သတ်တာက သတ်လို့ရပါတယ်host  ဒါပေမဲ့ hostမှာနောက်ခံမရှိဘူးလေ သူ့တို့သတ်လိုက်ပြီပဲထား ဘယ်သူကအလောင်းဖျောက်ပေးမှာလဲ ]

ဗီလိန်အားကယ်တင်ခြင်း(System) Nơi câu chuyện tồn tại. Hãy khám phá bây giờ