Unicode
" ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲလို့ "
လူနာတစ်ယောက် ချားလော့နောက် တစ်ကောက်ကောက်လိုက်ကာ မေးနေသည်။ ချားလော့ကလဲပြန်မဖြေပေ။ လူနာစိတ်မရှည်တော့တာကြောင့် ချားလော့ရှေ့ရပ်ကာမေးသည်။ ချားလော့က လူနာ့အားရှောင်ဖယ်ကာ သူ့အခန်းကိုဆက်သွားပြန်သည်။
ချားလော့ သူ့အခန်းထဲက စားပွဲမှာထိုင်ကာ ရေနွေးကြမ်းသောက်နေသည် ချားလော့ သောက်လက်စ ရေနွေးခွက်ကို လူနာဆွဲလုကာ သောက်လိုက်ပြီး သူသိချင်တာ ထပ်မေးပြန်သည်။ ချားလော့ စိတ်မရှည်တော့ပဲ
" အဲ့တာကို သိမှဖြစ်မှာလား "
" ဟုတ်တယ် သိမှဖြစ်မယ် "
" အကြောင်းပြချက် "
" နောက်တစ်ခါ အပြင်ထွက်ရင် လိုက်မလာနိုင်အောင်လို့ "
လူနာတစ်ယောက် ချားလော့ အရိပ်ချေမကြည့်ပဲ ဖြေလိုက်ခြင်းပင်။
" နောက်ထပ် အပြင်ထွက်ချင်တာလား "
" ထွက်သင့်ရင်ထွက်မှာပေါ့ "
လူနာပြောလိုက်တော့ ချားလော့က ရုတ်တရက် ထိုင်နေရာမှထလိုက်ပြီး လူနာ့နားတိုးကပ်လာသည်။
" ဘာ...ဘာလဲ နောက်ကိုဆုတ် ရှေ့ကိုတိုးမလာနဲ့ "
လူနာ ချားလော့ကိုတွန်းထုတ်ပြီး ပြောလိုက်သည်။ ခက်တာက ချားလော့က ကျောက်ရုပ်ကြီးလို တသ်ချက်မှမရွေ့တာပင်။
ချားလော့ကတော့ လူနာ့စကားကို မကြားသည့်အလား ရှေ့တိုးလာပြန်သည်။" အွန့်.. လွှတ် အွန်းး "
ချားလော့ လူနာ့ရဲ့ နှုတ်ခမ့်ပါးကို ကြမ်းကြမ်းတမ်းတမ်း စားသုံးနေသည်။ လူနာရုန်းကန်နေပါသော်လဲ အရာမထင် ချားလော့က ကျောက်တုံးလို သန်မာပြီး လူနာက လေအလားအားနည်းနေလေသည်။
" ပြွတ် ခင်..ခင်ဗျား အွန့် "
မောဟိုက်နေတဲ့ လူနာက ချားလော့ကို ရန်လုပ်နေသော်လဲ နောက်ထပ်တဖန် ချားလော့ရဲ့ စားသုံးခြင်းခံလိုက်ရပြန်သည်။ ထိုနေ့တစ်နေ့လုံး လူနာရဲ့ နှုတ်ခမ်းပါးတွေက ချားလော့ရဲ့ စားသုံးခြင်းခံရပြီး နီရဲပြီးဖူးရောင်နေသည်။
BẠN ĐANG ĐỌC
ဗီလိန်အားကယ်တင်ခြင်း(System)
Lãng mạnဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...