Unicode
တော်ဝင်ဂိုဏ်းရဲ့ တစ်နေရာတွင်
" ဘာ! အပြင်ထွက်ဖို့ခွင့်ပြုရမယ် "
" ဟုတ်ကဲ့ ဖိုးဖိုး "
ဟန်လုချင်း အပြင်ထွက်ဖို့အတွက် ဂိုဏ်းချုပ်ကိုလာပြောခြင်းဖြစ်သည်။ ဂိုဏ်းချုပ်နဲ့ ဟန်စစ်ချင်း အကြောင်းကိုတော့ သူသိသွားပြီမလို့ ဂိုဏ်းချုပ်ဆိုတဲ့လူကို တော်တော်လေးကို အမြင်ကပ်နေလေသည်။
( ပြီးမှနောက်ကြောင်းပြန်မယ် အရင်ဆုံးစဥ်းစားထား 😮💨)" တိတ်စမ်း အပြင်လောကကြီးအကြောင်း မင်းဘာသိလို့လဲ "
" မသိလို့ထွက်မှာလေ "
" ပြန်မပြောနဲ့ "
" ပြန်မပြောဘူးလေ အကြောင်းပြချက်ပေးတာ "
ဟန်လုချင်းနဲ့ ဂိုဏ်းချုပ်ဘေးနားမှာ ရပ်နေတဲ့ ရှန်လင်းချင်ကတော့ ထိုင်ခုံတစ်ခုအနားဆွဲကာ ရန်ပွဲကိုထိုင်ကြည့်နေလေသည်။ ဒီလိုပွဲမျိုး ဝေးနေတာကြာပြီမလား...
" တောက်စ် ဟန်လုချင်း အအေးဆောင်ကို ရောက်ချင်နေတာလား "
" ဖိုးဖိုး ခွင့်ပြုမှာလား ခွင့်မပြုဘူးလား တစ်ခွန်းပြောပါ အအေးဆောင်နဲ့ ကိုင်ပေါက်မနေနဲ့ "
ဟန်လုချင်း အော်ပြောတော့မှ ဂိုဏ်းချုပ်က
" ခွင့်မပြုဘူး "" မပြုလဲ ထွက်မှာပဲ ရှင်းလား မရှင်းလဲပြန်မပြောနိုင်ဘူး အာညောင်းတယ် "
" ဘာကွ ငါက မင်းကိုစောက်ရှောက်ထားတဲ့အဖိုး ကျွေးတဲ့လက်ကို ပြန်ကိုက်ချင်နေတာလား "
" ကျွန်တော်က ခွေးမှမဟုတ်တာ ပြီးတော့ ဘာကိုကျွေးတာလဲ ဘယ်သူကကျွေးတာလဲ ကျွန်တော်နဲ့အကို့ကို ပါးပါးကကျွေးထားတာ "
ဟန်လုချင်းပြောလိုက်တော့ ဂိုဏ်းချုပ် တော်တော်ဒေါသထွက်သွားပုံရကာ" မင်း.... ဟန်လုချင်း မင်းတို့ညီကိုနှစ်ယောက်ကို ငယ်ငယ်ထဲကစောင့်ရှောက်လာတာ မင်းကဒီလိုနည်းနဲ့ ကျေးဇူးပြန်ဆပ်လိုက်တာလား "
" ကျေးဇူး အဲ့ကျေးဇူးကြောင့်ပဲ အကိုက ဂိုဏ်းအပြင်ကိုထွက်ပြီး မသမာသူလက်ထဲ ရောက်သွားတာလေ "
BẠN ĐANG ĐỌC
ဗီလိန်အားကယ်တင်ခြင်း(System)
Lãng mạnဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...