System space

2K 152 9
                                    

Unicode

[ ကြိုဆိုပါတယ် host ]

' မင်းက ဆဲဗင်းလား '

ထူးခန့်ပိုင် သူ့ရှေ့ကမှင်စာလိုလို ဘာလိုလိုကိုကြည့်ပြီးမေးလိုက်သည်။

[ ဟုတ်ပါတယ် ]

' မင်းက အကောင်ပေါက်မဟုတ်ဘူးလား '

[ ကျွန်တော်က upade မြှင့်ပြီးသားမလို့ပါ ]

' ဪ '

[ host ရဲ့ ကိုယ်ရေးအကျင်းကိုပြပါမယ် ]

အမည် - ထူးခန််ပိုင်
အသက် - ၂၀
လိင် - ကျား
လိင်စိတ်တိမ်းညွှတ်မှု - 100% gay
တက်မြောက်ပညာ - မှတ်ဥာဏ်ပညာ, အထက်လမ်းပညာ , အတိုက်အခိုက်ပညာ , Hacking, ဆေးပညာ
ပြီးမြှောက်ကမ္ဘာ - 4
Mission point - 3050
Side mission point - 1500
သိုလှောင်ပစ္စည်း - အသက်ကယ်ဆေး 1ဘူး သေမင်းခေါ်သံဓား

ကိုယ်ရေးအကျဥ်းကြည့်ပြီးနောက် ထူးခန့်ပိုင်တွေးမိတာကတော့ ဆဲဗင်းက ပိုင်ပိုင်လောက်စကားမများဘူးဆိုတာပင်။

[ နောက်ကမ္ဘာသွားဖို့အတွက် သရုပ်ဆောင်ပညာ ကိုသင်ယူရန် host ရှေ့က အနီရောင်တံခါးကြီးထဲဝင်သွားလိုက်ပါ ]

ထူးခန််ပိုင်လဲ သူ့ရှေ့ပေါ်လာတဲ့အနီရောင်တံခါးကြီးထဲဝင်သွားလိုက်သည်။ ထိုတံခါးနောက်မှာတော့ ကွင်းပြင်ကျယ်ကြီးတစ်ခုကိုတွေ့ရမှာဖြစ်ပြီး ကွင်းပြင်ကျယ်နှင့် မနီးမဝေးရှိသစ်ပင်ပေါ်တွင်တော့ လူတစ်ယောက်ထိုင်နေတာကို သေချာကြည့်ရင်မြင်ရပါလိမ့်မည်။ ထိုလူက ထူးခန့်ပိုင်တွေ့တော့ အပင်ပေါ်ကဆင်းလာပြီး

< မင်းက system 017 ပို့လိုက်တဲ့ တာဝန်ထမ်းဆောင်သူဆိုတာလား >

' ဟုတ်ကဲ့ '

< အင်း အရင်ဆုံး ဒီစည်းကမ်းချက်တွေကိုအလွတ်ရအောင်ကျက် ငါအိပ်လိုက်ဦးမယ် >
ဆိုကာ စာလိပ်လေးအားထူးခန့်ပိုင်ကိုပေးလိုက်ပြီး စောနကအပင်ပေါ်တက်ကာအိပ်နေလေသည်။

ထူးခန့်ပိုင်လဲ သူကျက်ရမဲ့စည့်ကမ်းချင်တွေကြည််ပြီးငိုချင်သွားသည်။ စည်းကမ်းချက်တွေရေးထားတဲ့စာလိပ်က မြေကြီးပေါ်မှာပုံနေသည်အထိ ရှည်မယ်လို့မထင်ထားတာအမှန်ပင်။

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now