Arc 8.11

923 101 21
                                    

Unicode

ဟန်လုချင်းတို့ ဂိုဏ်းကိုပြန်ရောက်တော့ ဂိုဏ်းချုပ်ဟောင်း တနည်းအားဖြင့် ဟန်လုချင်းသေဆုံးပြီးလို့ ၃ရောက်မြောက်နေဖြစ်သည်။  ဂိုဏ်းသူ ဂိုဏ်းသားတွေက ဝမ်းနည်းတယ်လဲမဟုတ် ဝမ်းသာတယ်လဲမဟုတ် တာဝန်အရ ပူဆွေးဝမ်းနည်းပေးနေကြသည်။

ဟန်လုချင်းတို့ ပြန်ရောက်ပြီဆိုတာနဲ့ ဂိုဏ်းဆောင်အသစ်ခန့်အပ်ပွဲကို အမြန်လုပ်ကြသည်။ ဟန်စစ်ချင်းကို အကြီးအကဲနေရာထားပြီး ဟန်လုချင်းကတော့ ဂိုဏ်းချုပ်ပေါ့။ ( ဟန်စစ်ချင်းနဲ့ ဟန်လုချင်းမှာဆိုရင်  စစ်ချင်းက ဂိုဏ်းရဲ့အကြီးအကဲမလို့ အာဏာပိုကြီးပါတယ် အကြီးအကဲပြီးမှ ဂိုဏ်းချုပ်ပေါ့ )

ဟန်လုချင်း ဂိုဏ်းချုပ်အပ်နှင်းပွဲမှာ အတော်လေးကိုပင်ပန်းနေသည်။ ဂိုဏ်းတစ်ခုလုံး အနီရောင်ရဲရဲဖြင့် အလှဆင်ထားကြပြီး ဂိုဏ်းသားတွေကလဲ အနီရောင်သာဝတ်ဆင်ကြသည်။

တမန်ဂိုဏ်းက အရေးပါတဲ့လူတွေလဲလာကြသည်။ တမန်ဂိုဏ်းက အရင်ဂိုဏ်းချုပ် သေတဲ့သတင်းကြားတာနဲ့ အပြေးရောက်လာတယ်ဆိုတာကို ဂိုဏ်းသားတစ်ယောက်ပြောလို့ ဟန်လုချင်းတို့ သိထားပြီးပါပြီ။ ဟန်လုချင်းတို့ရဲ့ ပါးပါးဆိုသူကတော့ ပါမလာခဲ့ချေ။ တမန်ဂိုဏ်းက လူတွေပြောကြားချက်အရ တစ်နှစ်လောက် တံခါးပိတ်လေ့ကျင့်နေတယ် ဟုသိထားရသည်။

ဂိုဏ်းချုပ် အပ်နှင်းပွဲအတွက် လိုအပ်တာတွေ စီစဥ်ပြီး ကျင့်သုံးရမဲ့ဝိနည်းတွေကို ကတိသစ္စာခံပြီး နောက်တော့ ဟန်လုချင်းလဲ ဖြစ်ချင်ရာဖြစ်ဆိုကာ ပွဲမှထလာပြီး သူ့အဆောင်ဆီသို့သာ ပြန်လာခဲ့တော့သည်။ သူဂိုဏ်းကို စရောက်ထဲက တစ်စက်မှ မနားရသေးတာကြောင့်ပင်။ သူ့ရဲ့အားတွေလဲ အတော်လေးကို ဆုံးရှုံးထားတာကြောင့် နားကိုနားမှရမည်။

ဟန်လုချင်း သူ့ကိုယ်ပေါ်က ရှုတ်ရှုပ်ခတ်နေတဲ့ အင်္ကျီကိုချွတ်ချလိုက်ပြီး ပေါ့ပါးတဲ့အဝတ်ကိုသာပြောင်းလဲဝတ်ဆင်လိုက်သည်။ ပြီးနောက် ကုတင်ပေါ်တွင် လှဲအိပ်လိုက်ပြီး ဟိုတွေးဒီတွေး တွေးနေလေသည်။

ဟန်လုချင်းအတွေးတွေက နဂါးဂိုဏ်းမှ ဂိုဏ်းချုပ်အချောလေးဆီ ရောက်သွားတော့
' ဟူး နှစ်ရက်ရှိပြီ နဂါးဂိုဏ်းက အစားအသောက်လေးတွေ အူးဝါး မင်းတို့ကိုငါလွမ်းတယ် ရွှတ် '

ဗီလိန်အားကယ်တင်ခြင်း(System) حيث تعيش القصص. اكتشف الآن