Arc 4.3

2.1K 173 2
                                    

" နားမလည်တာရှိလား "

" မရှိပါဘူး ခေါင်းဆောင် "

" မရှိရင် ထွက်ခွာမယ် "

" ဟုတ် "

ဂန်မင်ချိုခေါင်းဆောင်တဲ့ pot အဖွဲ့ဟာ ရိက္ခာထွက်ရှာရန် အစီစဥ်ဆွဲနေခြင်းဖြစ်သည်။ ထိုအစီစဥ်ထဲတွင် ဂန်မင်ချို, ဂျွန်မင်ဆော့ နဲ့ ဂျွန်ဝူဆော့ တို့က အဓီကပါဝင်လေသည်။

ဂန်မင်ချို , ဂျွန်မင်ဆော့နဲ့ နောက်လူသုံးယောက်က ကားတစ်စီးနှင့်ရှေ့မှထွက်ခွာသွားပြီး ဂျွန်ဝူဆော့နဲ့ ကျန်လူလေးယောက်က နောက်ကားနှင့်လိုက်ရလေသည်။

' လွန်တယ်မထင်ဘူးလား '

[ ဘာကိုလဲ host ]

' ဟ အဲ့ဂန်မင်ချိုဆိုတဲ့ သကောင့်သားလေ တကယ်ဆိုကွာ ငါက အကိုမင်တော့နဲ့ကားတူတူစီးရမှာလေ အခုတော့'

[ host ဂျွန်မင်ဆော့က host အကိုနော် ]

' ဒီဖေ မင်းရဲ့ညစ်ညမ်းနေတဲ့အတွေးတွေဂျောင်းနော် '
ဆိုကာမှ ပါးစပ်တင်မဟုတ် ပါဝါပါပိတ်သွားသောပိုင်ပိုင်ပါလေ။

' တကယ်ဆိုကွာ ဇာတ်လိုက်ကအဖွဲ့တစ် ခုလုံးရဲ့ခေါင်းဆောင်မလား  အဲ့တာကို ဒုခေါင်းဆောင်က ဇာတ်လိုက်အနားနေစရာလိုလား  ဒုခေါင်းဆောင်က နောက်အဖွဲ့ခွဲ့ကိုဦးဆောင်ရမှာလေ  အခုပဲကြည့် ငါတို့ကားထဲမှာ တိုက်ပွဲအတွေ့ကြုံရှိသူ နှစ်ယောက်ပဲရှိတယ် ငါအပါဝင်ကျန်နှစ်ယောက်က အသစ်တွေ'

ဝူဆော့တစ်ယောက် အတွေးထဲလွန်ဆွဲနေတုံး သူ့ပခုံးနှစ်ထက်ကိုကိုင်ကာ သူ့ကိုလှုပ်နိုးနေတဲ့လူတစ်ယောက်။ ထိုလူကဝူတော့တို့အဖွဲ့ထဲက တိုက်ပွဲအတွေ့ကြုံရှိသူထဲကတစ်ယောက်ဆိုရင်မမှား

" ဝူဆော့ ဝူဆော့! "

" ဟမ် ဘာ..ဘာဖြစ်တာလဲ "

" ခေါ်နေတာကြာပြီ ဘယ်တွေအာရုံလွင့်နေတာလဲ ရှေ့လျှောက်ဇွန်ဘီတွေနဲ့ တိုက်ရတော့မှာ အတွေးတွေလွင့်မနေနဲ့ ဇွန်ဘီကမင်းအတွေးလွင့်နေလို့ဆိုပြီးစောင့်နေမှာမဟုတ်ဘူး ကိုက်စရာရှိတာကိုက်မှာပဲ ကြားလားငါပြောတာ "

" ဟုတ်ကြားပါတယ် နည်းနည်းလေး အတွေးလွန်သွားတာပါ အခုကစခန်းမှာလို လေ့ကျင့်နေတာမဟုတ်ပဲ ဇွန်ဘီနဲ့ထိပ်တိုက်တွေ့ရတော့မယ်ဆိုတော့..."

ဗီလိန်အားကယ်တင်ခြင်း(System) Nơi câu chuyện tồn tại. Hãy khám phá bây giờ