Arc 4.5

1.9K 168 6
                                    

" မင် "

မင်ဆော့တစ်ယောက် ကောက်တော်မူနေတဲ့ အချစ်တော်ညီလေးကိုချေရန် အစီစဥ်ဆွဲနေတုံး ခေါင်ဆောင်ရောက်လာတာကြောင့် သူ့အတွေးတွေကလေလိုလွင့််ပျယ်ကုန်သည်။

" အာ ခေါင်းဆောင် ဘာခိုင်းစရာရှိလို့လဲ "

" ဟို ဘာမှမခိုင်းပါဘူး ကိုယ်က..."

" ခေါင်းဆောင်ခိုင်းစရာမရှိရင် ကျွန်တော့်ကိုခွင့်ပြုပါဦး ဝူဆော့ကိုချော့ရဦးမှာမလို့ "

ဟုဆိုကာ သူ့အားလှည််မကြည့်ပါပဲ ထွက်သွားတဲ့မင်။
မင်ထွက်သွားပြီးမကြာခင်မှာပဲ သူ့အနားရောက်လာတဲ့ အယ်နာယောင်းဆိုတဲ့မိန့်ကလေး

" ဟိုလေ ခေါင်းဆောင်ရှင့် "

" ဘာပြောမလို့လဲ အယ်နာယောင်း "

" ခေါင်းဆောင်ကလဲ ရင်းရင်းနှီးနှီး နာယောင်းလို့ပဲခေါ်ပါ "

" အယ်နာယောင်းက ရင်းနှီးချင်ပေမဲ့ ကျွန်တော်ကမရင်းနှီးချင်လို့ ခွင့်ပြုပါဦး "

ဂန်မင်ချိုလဲအယ်နာယောင်းကို လျစ်လျူရှုလိုက်ပြီး မင်နောက်ကိုပြေးလိုက်သွားလေသည်။ အယ်နာယောင်းဆိုတဲ့သူမကြောင့်ပဲ မင်ရဲ့အမုန်းကိုခံရတာကြောင့်် သူနောက်တစ်ခါထပ်မမိုက်ချင်တော့ပေ။

" အယ် မဟုတ်ဘူးလေ ကျစ် "

အယ်နာယောင်းတစ်ယောက် စခန်းကိုရောက်ထဲက စိတ်မကြည်ပေ။အကြောင်းကတော့ pot အဖွဲ့ခေါင်းဆောင်ဆိုသူက သူမအားလျစ်လျူရှုထားလို့ပင်။ သူမရဲ့အလှကိုလျှစ်လျုရှုပြီး ဘာမဟုတ်တဲ့လူတစ်ယောက်ကိုဂရုစိုက်နေတာကြောင့်ပင်။ အယ်နာယောင်းဆိုတဲ့သူမရဲ့ အလှကိုမနှစ်သက်တဲ့ယောင်္ကျားသားမရှုဟုထင်မှတ်ထားတာကြောင့် အခုဂန်မင်ချိုကသူမအားလျစ်လျူရှုလိုကာသည်အား မကျေနပ်တာမဆန်းကျယ်ပေ။

ဂျွန်ဝူဆော့တစ်ယောက် အိပ်ပျော်နေတုံးမှာပဲ အသံဆိုးတစ်ခုကြောင့် နိုးထလာခဲ့သည်။ အသံဆိုးပိုင်ရှင်ကတော့

[ မင်္ဂလာပါ host  system 019အစားတာရန်ကျတဲ့ system 017ပါ host နဲ့တာဝန်ကျတဲ့ system က update မြှင့်နေလို့ ကျွန်တော်ကသူ့အစား host နဲ့တာဝန်ထမ်းဆောင်ရမှာပါ ]

ဗီလိန်အားကယ်တင်ခြင်း(System) Où les histoires vivent. Découvrez maintenant