Arc 6.12 (The end and system space)

1.8K 130 7
                                    

Unicode

တီ..တီ..တီ
[ အရေးပေါ် အရေးပေါ် ]

နှိုင်း ကူးကူးကိုသိပ်ပြီး အနားယူနေတုံး ပိုင်ပိုင်ဆီမှအချက်ပြသံကြားလိုက်ရသည်။

' ဘာဖြစ်တာလဲ '

[ ကမ္ဘာထဲ ကျူးကျော်ဝင်ရောက်လာသူရှိပါတယ် ]

' ဘယ်သူလဲ '

[ ဒါက ပြောပြလို့မရပါဘူး အခုလောလောဆယ်တော့ ဒီကမ္ဘာကစွန့်ခွာရပါမယ် အသင့်ပြင်ထားပါ ]

' ဟမ် ပိုင်ပိုင် ငါ..mission မပြီးသေးဘူးလေ '

ပိုင်ပိုင်က သူပြောတာကို အလေးမထားပဲ ဒီကမ္ဘာကထွက်ခွာဖို့သာ အလျင်လိုနေသည်။ ဟူးးး point လေးတွေရေ bye bye o(╥﹏╥)

[ ကမ္ဘာကစွန့်ခွာပါတော့မယ် 1% .....100%  စွန့်ခွာပြီးပါပြီ ]

' အားးးးးး '

နာကျင်မှုနဲ့အတူ ထူးခန််ပိုင် ကမ္ဘာကထွက်ခွာခဲ့ပြီး သတိမေ့သွားလေသည်။ သူထွက်ခွာတာနဲ့ ကမ္ဘာကဖျက်ဆီးခံလိုက်ရသည်။ ကူးကျော်ဝင်ရောက်လာတဲ့သူကလဲ လွင့်မြောသွားပြီး space ရဲ့ထိန်းချုပ်ခန်းထဲရောက်သွားလေသည်။

' ဘယ်သူလဲ '

[ အရှင် မှင်...မှင်စာ တိုင်းပြည်က ]

' သိပြီ ကြင်ယာတော်ရော '

[ အနားယူနေပါတယ် ]

' ဒီကမ္ဘာက မှတ်ဥာဏ်တွေဖျောက်သင့်လား '

[ မဖျောက်သင့်ဘူးထင်တယ် အရှင် ]

' အင်း နောက်ကမ္ဘာကိုအပန်းဖြေလို့ရအောင် လွယ်ကူတဲ့ကမ္ဘာပဲရွေးလိုက် '

[ ဒီအစေခံသိပါပြီ ]

အရှင်ထွက်သွားတာနဲ့ ပိုင်ပိုင်လဲ ထူးခန့်ပိုင်ရှိရာသို့ပြန်လာခဲ့သည်။

' အာ့ကျွတ်ကျွတ် '

[ host နိုးပါပြီလား ]

' ဘာဖြစ်တာလဲ ပိုင်ပိုင် ငါ mission မလုပ်ရသေးဘူးလေ ငါ့ point လေးတွေ '

[ host.. host  mission အအောင်ပေးပါတယ် အထက်က ကမ္ဘာမှားပို့မိတာရယ် အဖျက်ဝင်သွားလို့ရယ်အတွက် လျော်ကြေးပေးတာတဲ့ ဒါ့အပြင်  သို..သိုလှောင်ရုံထဲက ပစ္စည်း ၃ခုအလကားရတယ်တဲ့ * အူးဝါးး host ကျတော့ အလကားရတယ် ပိုင်ပိုင်ကအလကားရဘူး ဝူးဝူး* ]

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now