Arc 8.14

879 97 14
                                    

Unicode

မုအိမ်တော်တွင်

မုယောင်ယွဲ့ အဆောင်တွင် အစေခဲတစ်သိုက် အပြစ်ပေးဒူးထောက်ခံနေရသည်။ မုယောင်ယွဲ့ ဂိုဏ်းထဲမှ သစ္စာဖောက်ကို ဖော်ထုတ်နေခြင်းပင်။

" ခုချက်ခြင်းထွက်မလာဘူးလား "

ယောင်ယွဲ့အော်လိုက်တော့ အစေခံလေးတွေ လန့်သွားကြသည်။ ထိုထဲက တစ်ယောက်က ချွေးစေးတွေပျံကာ မှုမမှန်ဖြစ်နေတာကို ယောင်ယွဲ့တွေ့သွားသည်။ ယောင်ယွဲ့က ထိုအစေခံလေးကို လက်ညိုးထိုးကာ
" မင်း ထွက်ခဲ့ "

ထိုအခါ ကောင်မလေးက ကတုန်ကယင်ဖြင့်
" မ..မလေး ကျွန်တော်မျိုးမ သေသင့်ပါတယ် "

" ကိုယ့်အပြစ်ကိုသိလား "

" သိ..သိပါတယ် "

" ဒါဆိုပြော "

" ရှင်.. "

" မင်းရဲ့အပြစ်တွေကိုပြော "

ယောင်ယွဲ့ပြောလိုက်တော့ ထိုကောင်မလေးက ထစ်ငေါ့ထစ်ငေါ့နှင့်
" တစ်..တစ်ဖက်ဂိုဏ်းကို သ..သစ္စာခံမိပါတယ် "

" .... "

" ပြီးတော့.... အ "
ယောင်ယွဲ့က ထိုကောင်မလေးအား သူမရဲ့လက်ဆွဲတော် မြှားပျံနှင့် ထိုးလိုက်ခြင်းပင်။

' တောက်စ် '
ယောင်ယွဲ့ သူ့လက်မှာစွန်းသွားတဲ့ သွေးတွေကိုကြည့်ကာ စိတ်ပျက်ပျက်နှင့် တောက်ခေါက်လိုက်ပြီး ကျန်တဲ့အစေခံဘက်ကို လှည့်ကာ
" မင်းတို့တွေ မြဲမြဲမှတ်ထား နောင်တစ်ချိန် အပြစ်လုပ်မိရင် ကိုယ်လုပ်ထားတဲ့အပြစ်ကို ဝန်ခံရဲရတယ် တွန့်ဆုတ်နေရင် ဒီတစ်ယောက်လို ဖြစ်သွားမယ် ကြားလား "

" ဟုတ်ကဲ့ မမလေး "

ယောင်ယွဲ့ အစေခံလေးတွေကို အလောင်းရှင်းရန်နဲ့ ထွက်သွားဖို့ အချက်သွားဖို့အချက်ပြလိုက်သည်။

ပြီးနောက် သူ(မ)ရဲ့ သိုလောင်လက်စွပ်ထဲက အသက်အိုး , အနာကျက်ဆေး , ကျန်းဟောင်ရွဲ့ဆီက အတိတ်မေ့ဆေး တို့ကိုထုတ်လိုက်ပြီး သစ်သားသေတ္တာထဲ စီစီရီရီထည့်လိုက်သည်။  အတိတ်မေ့ဆေးကို ရှင်းယွဲ့ကိုတိုက်မှာဖြစ်ပြီး ရလဒ်ကတော့ သူ(မ)ကို ရှင်းယွဲ့က တစ်သက်လုံး မှတ်မိမှာမဟုတ်ပေ။

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora