Unicode
ရောင်စုံမီးသီးများ စုံလင်စွာထွန်းလင်းနေပြီး သီချင်းသံမတိုးမကျယ်ဖွင့်ထားတဲ့ အဆင့်မြင့် Bar တစ်ခုဖြစ်တဲ့ ' Come Bar 'တွင်ဖြစ်သည်။ Wine ,James ,Jack တို့မောင်နှမသုံးယောက်က Bar တစ်ခုလုံးရဲ့အမြင်အာရုံကိုဖမ်းစားထားလေသည်။
သူတို့ဝိုင်းမှာကတော့ James ရဲ့ မေးခွန်းတွေကို ထထိုးမတက်ဒေါသတွေနဲ့ဖြေနေတဲ့ Wine ။ သူတို့နှစ်ယောက်ဘေးမှ ပွဲကြည့်ပရိတ်သတ် Jack ကတော့ မနိုင်ဘူးဆိုတဲ့အကြည််ဖြင့်ကြည့်နေလေသည်။
" Wine တော်သင့်ပြီနော် နင်သောက်တာများနေပြီ "
" ငါ တစ်ခွက်ပဲသောက်ရသေးပါတယ်ဟယ် "
" မှားလို့ ကြာနေပြီပြန်ကြမယ်လို့ပြောတာ "
" ငါတို့ရောက်တာ 5မိနစ်တောင်မပြည့်သေးဘူးလေ "
" အေးလေ အကိုကလဲ "
နောက်ဆုံး Jack လဲစကားဝိုင်းထဲဝင်ပါရတော့သည်။ မဟုတ်ပါက Bar တစ်ခုလုံး ပြာကျသွားတော့မည်ဖြစ်တာကြောင့်။
" ဟုတ်လား ငါက 5နာရီလောက်ရှိပြီထင်နေတာ "
" ရားး James အစုတ်ပလုတ် အသည်းကွဲနေတဲ့ အမဖြစ်သူကို နည်းနည်းပါးပါးလေးအဖက်လုပ်ပါဦးဟ "
" ဘာအသည်းကွဲတာလဲ ဖွင့်တောင်မပြောရသေးပဲနဲ့ "
James ရဲ့စကားက Wine ကိုအထိနာစေတယ်ထင်ပါရဲ့ စကားတောင်ပြန်မပြောတော့
" ဟုတ်သားပဲ မကြီးနင်ဘယ်လိုဖြစ်ပြီးအသည်းကွဲတာလဲ "
" ဒါကဒီလို _&$+&& "
" နည်းတောင်နည်းသေးတယ် ဒီထက်ပိုပြီးခံစားရမှာ"
" အကိုပြောတာမှန်တယ် ဖွင့်မပြာပဲ သဝန်သွားတိုတာလေ စိတ်ဆိုးတာတောင်နည်းသေးတယ် "
" ငါလဲ သွေးပူတုံးဆိုတော့ မစဥ်းစားမိသွားတာ "
" သိပြီးတာပဲ ခဏ ဟိုးထောင့်ဆုံးဘက်ဝိုင်းက နင့်အသည်းကျော်ကြီးမလား Wine "
James ညွှန်ပြရာဝိုင်းကို လှည််ကြည့်လိုက်တော့ အမှန်ပင် Bar ရဲ့ထောင့်ဆုံးဝိုင်းမှာ လူတစ်ယောက်နဲ့စကားပြောနေတဲ့ Sophia ကိုတွေ့ရသည်။
ESTÁS LEYENDO
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...