Unicode
ဝီလီလျှံမျိုးနွယ်စုသို့ သွားတဲ့လမ်းတွင် လူနာနဲ့ပိုင်ပိုင်တို့ အပျင်းပြေ စကားပြောနေကြသည်။
' ပိုင်ပိုင် မင်းပြောကြည့် တောစောင့်နတ်မင်းက အရမ်းအားနေတာမလား '
[ အားရင်အားမှာပေါ့ မအားရင်မအားဘူးပေါ့ ကျွန်တော်က တောစောင့်နတ်မှမဟုတ်တာ ဘယ်သိမလဲ ]
ပိုင်ပိုင်ရဲ့ ဂွကျတဲ့အဖြေအောက် လူနာပြောစရာ စကားခဏတာမဲ့သွားသည်။
' .... မဟုတ်ဘူးလေ ငါပြောချင်တာက ဟိုလိုကွာ ဟို ဒီလို အဲ့တာ '[ host ကိုကျွန်တော် ဘာသာစကားပဲ သင်ခိုင်းတာပါ အခုလို လူနားမလည်တဲ့ စကားတွေမသင်ခိုင်းလိုက်ပါဘူး ]
' ငါလူး တော်ပြီမပြောတော့ဘူး '
[ မပြောနဲ့လေ နားညီးသက်သာတယ် ]
' ဟွန့် '
တစ်လမ်းလုံး ပိုင်ပိုင်က ကောက်လိုက် လူနာက ကောက်လိုက်နဲ့ ခရီးဆက်လာတော့သည်။ သူတို့သွားနေရင်း တစ်နေရာအရောက်
" ဘယ်က လူစိမ်းလဲ "
အသက်ကြီးကြီး အဘိုးအိုတစ်ယောက်နောက်တွင် လူလတ်ပိုင်းအရွယ် ယောင်္ကျားနှစ်ယောက်ပါတဲ့ အုပ်စုက လူနာတို့ကိုတွေ့လို့ မေးလိုက်ခြင်းပင်။
" ခရီးသွားပါ "
" ဘယ်ကိုသွားမှာလဲ လူငယ်တို့ "
" အာ ကျွန်တော့်အကိုရဲ့ ခင်ပွန်းက အထင်လွဲနေတာလေးရှိလို့ သွားဖြေရှင်းပေးမလို့ပါ "
" ဪ... လမ်းခရီးဂရုစိုက်ကွယ် ရှေ့မှာ တောအုပ်တစ်ခုရှိတယ် သတိထားသွားပေါ့ "
" အိုး သတိပေးလို့ ကျေးဇူးပါ "
" ရတယ် ရတယ် အသေးအဖွဲ့ပါပဲ "
" ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး "
" ကောင်းပြီ ကောင်းပြီ ကောင်းပါပြီ "
ထိုအဖွဲ့နဲ့ လမ်းခွဲပြီးနောက် ပိုင်ပိုင်က
" လူနာ ခဏလောက်မနားချင်ဘူးလား ဗိုက်ဆာနေပြီ "
( ဒီနေရာလေးမှာ ပြောချင်တာက ပိုင်ပိုင်က လူပုံစံနဲ့ပါ )" အမ် ဟုတ်သားပဲ မေ့သွားတာ ဟိုရှေ့နားက သစ်ပင်အောက်မှာနားကျတာပေါ့ "
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...