Arc 1.1

5.3K 360 16
                                    

Unicode

ထူးခန့်ပိုင် နာကျင်နေတဲ့ခေါင်းအားဖိကိုင်ကာ ငြိမ်သက်နေလိုက်သည်

[ host အဆင်ပြေလား နာကျင်မှုသက်သာအောင်လုပ်ပေးထားပါတယ် ]

"အင်း ဇာတ်ကြောင်းလေးပို့ပေးပါဦး"

[ပို့ပေးပါမယ် ပြီးတော့ ကျွန်တော့်ကိုစိတ်ထဲကပြောရင်ရပါတယ် အပြင်မှထုတ်ပြောနေရင် host ကို အရူးလို့ထင်နေကြဦးမယ်]

'သိမှမသိတာ မင်းကရောပြောလို့လား ဇာတ်ကြောင်းသာပို့ပါ'

[ဇာတ်ကြောင်းပို့ဆောင်နေပါပြီ ]

"F**k နာလိုက်တာ"

[ဆဲတယ်ဟ ]

ထူးခန့်ပိုင်လဲ ကြောင်လေးပို့ပေးတဲ့ဇာတ်ကြောင်းကိုထိုင်ဖတ်နေလိုက်တယ်။

သူရောက်ရှိနေတဲ့ကမ္ဘာက မော်ဒန်ကမ္ဘာဖြစ်သည်။ ကျောင်းတွင်းအချစ်ဇတ်လမ်းလေးပေါ့။
ဇာတ်လိုက်နာမည်က ဝမ်ရှောင်လု ကျောင်းကအဆိုးဆုံးကျောင်းသား စာကလဲဘိတ်ချေး ပွဲတိုင်းကျော် ရန်ပွဲတိုင်းသူပါသည်။
ဇာတ်လိုက်မနာမည်က ဖေးရန်အာ သိမ်မွေ့နူးညံ မိန်းကလေးပေါ့ ဇာတ်လိုက်မကဆင်းရဲသည်။ ကျောင်းကိုထောက်ပံ့ကြေးငွေနဲ့တက်ရတာဖြစ်သည်။
ဗီလိန်ကတော့ ကုချင်းရွဲ့ဆိုတဲ့ ဇာတ်လိုက်ရဲ့သည်းခံတက်ဆုံးသူငယ်ချင်းလေးဖြစ်သည်။

ဝမ်ရှောင်လုနဲ့ ချင်းရွဲ့တို့သူငယ်ချင်းကြားကို ရန်အာဆိုတဲ့ဇတ်လိုက်မဝင်ရောက်လာရာကဇာတ်လမ်းစသည်။ ရန်အာက ရှောင်လုကိုချစ်သည်။ ရှောင်လုကတော့ ချင်းရွဲ့ကိုချစ်နေသည်။ထိုအရာကိုသိတဲ့ရန်အာက ချင်းရွဲ့ကိုချောက်အမျိုးမျိုးချကာ ရှောင်လုအမြင်မကြည်အောင်လုပ်ခဲ့သည်။ ရန်အာရဲ့ချောက်ချနေမှုကြီးကို ရှောင်လုကတကယ်ထင်သွားကာ ချင်းရွဲ့အားအမုန်းကြီးမုန်းသွားသည်။တစ်နေ့ရန်အာကို လူတစ်စုကအနိုင်ကျင့်နေတာရှောင်လုမြင်သွားသည် ရန်အာကလဲ ချင်းရွဲ့ကမနာလိုလို့လုပ်တာပါဟု လီဆယ်ပြောသည်။ မယားပြောတစ်ညရှောင်လုကတော့ ရန်အာပြောတာကိုအတည်ထင်သွားပြီး ချင်းရွဲ့ကိုသူငယ်ချင်းအဖြစ်မှစွန့်လွတ်ခဲ့သည်။

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora