Arc 6.9

1.7K 162 20
                                    

Unicode

နှိုင်းရာတစ်ယောက် တစ်ကိုယ်လုံးကိုင်ပေါက်ခံရသလို နာကျင်မှုနဲ့အတူ အိပ်ရာမှနိုးထလာသည်။ သူနိုးတော့ ခွန်းကဘေးနားမှာ ရှိမနေချေ။ နှိုင်း ဇိမ်ယူမနေပဲ  လဲလျောင်းနေရာမှ ထထိုင်လိုက်သည်။

" အာ့ ကျွတ် ကျွတ် "

ခန္ဓာကိုယ်အောက်ပိုင်းမှ ဆစ်ကနဲနာကျင်လာတာကြောင့် သူညီးလိုက်မိသည်။ တော်ပြီနောက်တစ်ခါဆေးကို ကိုယ်နဲ့မကွာဆောင်ထားတော့မယ်။ သူအတွေးမဆုံးခင်မှာပဲ ခွန်းဝင်လာသည်။

" နှိုင်း နိုးပြီလား နာနေသေးလား ကိုယ်ဆေးတော့လိမ်းပေးထားတယ် "

" ...... "
ခွန်း သူမေးတာပြန်မဖြေပဲ ဆူပုတ်ပုတ်နဲ့ထိုင်နေတဲ့ နှိုင်းကို အသဲယားလာသည်။ ခွန်း နှိုင်းရဲ့ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ပြီး နှိုင်းအနားတိုးကပ်လိုက်သည်

" နှိုင်း "

" ဘာ..ဘာလုပ်တာလဲ "

ခွန်း နှိုင်းရဲ့မေးစေ့ကိုပင့်တင်ပြီး သူနှဲ့မျက်နှာချင်းဆိုင်စေကာ
" ကိုယ်ကိုကြည့် စိတ်ဆိုးနေသေးလား "

" မသိဘူး "

" မသိလို့မရဘူးလေနှိုင်းရဲ့ "

" ..... "

" နှိုင်း ကိုယ်မင်းကိုချစ်တယ် "

" ကိုမင်းကဘာတဲ့လဲ "

" ဟမ် "

" ကိုမင်းကဘာတဲ့လဲလို့ စဥ်းစားထားလိုက်နော် ဟိ "

" ဟာ နှိုင်း "

ပြောချင်ရာပြောပြီး ရေချိုးခန်းထဲဝင်သွားတဲ့နှိုင်း။ ခံစားချက်တစ်ပွေ့ကြီးနဲ့ ပွင့်ပြောနေတဲ့ခွန်းကတော့ ကြောင်သွားတာတော့အမှန်။ နောက်မှ နှိုင်း စနောက်နေမှန်းသိလိုက်ရသည်။

" ဟက် လူလည်လေးပဲ "

လို့ တိုးတီးစွာရွတ်ဆိုလိုက်ပြီး နှိုင်းအတွက်အင်္ကျီထုတ်ပေးလိုက်သည်။ ပြီးနောက်ရေချိုးခန်းတံခါးကိုခေါက်ကာ

" နှိုင်း  ကိုယ်အဝတ်စားထုတ်ပေးထားတယ် ပြီးရင်ထွက်လာခဲ့ ကိုယ်မနက်စာပြင်ထားမယ် ကြားလားနှိုင်း "

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now