Arc 9.3

666 85 22
                                    

Unicode

" ခဗည်းတော် သားတော် ချွဲဟာယောင်းနဲ့ လက်ဆက်လိုပါတယ် "
ယူဘင်း ပြောလိုက်တော့ ခဗည်းတော်က မျက်လုံးအပြူးသားနဲ့ ကြည့်လာသည်။ ချွဲဟာယောင်းကလဲ စိတ်ပျက်စရာကောင်း လောက်အောင် မျက်လုံးကလယ်ကလယ်နဲ့ သူ့အားကြည့်နေသည်မှာ အသည်းယားစရာ။ ယူဂျင်းကတော့ ထူးပြီးအံ့ဩမနေပါ  ဒီလိုအဖြေရလာမယ်ဆိုတာ သူခန့်မှန်းပြီးသာပင်။

" အဟား သားတော်က လောလှချည်လား ကောင်းပြီ လက်ထက်ပွဲအမြန်ဖြစ်စေရမယ် "

" ကျေးဇူးတင်ပါတယ် ခဗည်းတော် "

" ကဲ ဒါဆို သားတော်ငယ်ကရော ဘာပြောမလို့လဲ " ယူဘင်း အလန့်တကြား သူ့ညီတော်ကိုလှမ်းကြည့်မိသည်။ ပြောတော့မပြောလောက်ဘူးမလား

" သားတော် ဒီနေ့ ငါးမန်းတွေနဲ့တွေ့ခဲ့တယ် ခဗည်းတော် သူတို့တွေဘာလို့ ပြန်လွတ်လာတာလဲ "
ရေသူမျိုးနွယ်နဲ့ ငါးမန်းတွေက မတည့်ကြပေ။ ငါးမန်းတွေက အနည်းငယ်ရိုင်းပြီး ကြမ်းတမ်းကြသည်။ ရေသူမျိုးနွယ်ကလဲ ထိုနည်းပင်။ ငါးမန်းတွေကို ကြီးကြပ်သူ ရေသူထီးတစ်ယောက်တော့ရှိသည်။ ထိုလူက ငါးမန်းအကြောင်း နှောကြေသူမို့ ငါးမန်းတွေနဲ့အဆင်ပြေသည်။ မပြေတာက ကျန်ရေသူမျိုးနွယ်နဲ့ ရေနေသတ္တဝါတွေပါပဲ။

" ဘာ! ကျစ် မင်းဦးကြီးတော် အိပ်နေပြန်ပြီထင်တယ် "

" ဦးကြီးတော် အိပ်တာအရေးမကြီးဘူး သားတော်မွေးထားတဲ့ ငါးလေးတွေလာစားလို့ကတော့ အဲ့ငါးမန်းတင်မကဘူး ဦးကြီးတော်ပါ အလွတ်မပေးဘူးနော် " ယူဂျင်း ပြောလိုက်တော့ ခဗည်းတော်က မနိုင်ဘူးဟု ခေါင်းခါကာ

" ဟုတ်ပါပြီ ခဗည်းတော်ပြောထားပါ့မယ် "

" ဟုတ် "

" ဒါဆို ညစာစားပွဲပြီးရင် သားတော်ကြီးနဲ့ ချွေးမတော်က ခဗည်းတော်တို့ဆီလာခဲ့ နေ့ကောင်းရက်မြက်ရွေးရအောင် "

" အမိန့်တိုင်းပါ ခဗည်းတော် "
ယူဂျင်း သူ့၏အကိုတော်ကို အနည်းငယ်သံသယဝင်နေမိသည်။ ဇာတ်လိုက်မဆီက ဆေးမိထားတဲ့သူက ဘာလို့လက်ထက်ချင်ရတာလဲ။ နောက်တော့ ယူဂျင်းအောင့်မထားတော့ပဲ ပိုင်ပိုင့်ကိုသာမေးလိုက်တော့သည်။

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora