Unicode
ကယ်ရို့ တိုနီ မှတ်ဥာဏ်ပြန်ရပြီဆိုတာကို ဝီလီလျှံမျိုးနွယ်စုကို ပြောပြာလိုက်သည်။ အကုန်လုံးက ပျော်ရွှင်နေကြသည်။ အဖြစ်မှန်တွေအကုန်လုံးကို မျိုးနွယ်စုတိုင်းက သိရှိသွားကြသည်။ သေချာပေါက် ဒေးဗစ်အကြောင်းတော့ ချန်လှပ်ထားကြတာပေါ့။
လူနာကတော့ တိုနီ မှတ်ဥာဏ်ပြန်ရတာနဲ့ အိလိဇဘက်မျိုးနွယ်စုကို လက်စားချေဖို့ အစီစဥ်ဆွဲတော့သည်။ အရင်ဆုံး ' နတ်ပန်းခြောက်အဆိပ် ' ကိုဖြေဆေးအရင်ရှာရသည်။ ဖြေဆေးကလွယ်ကူစွာပင် ဖော်ထုတ်နိုင်ခဲ့ပြီး ထိုအကြောင်းကိုတော့ လူနာနဲ့ချားလော့ သာသိထားကြသည်။
နောက်တော့ မျိုးနွယ်စုတွေပေါင်းစပ်ဖို့ မျိုးနွယ်စုခေါင်းဆောင်တွေ စုဝေးခဲ့ကြသည်။ အဲလက်ဇန်းဒါး မျိုးနွယ်စုခေါင်းတောင် ချားလော့ , ဟာဗေးမျိုးနွယ်စုခေါင်းဆောင် ရောဘတ်, အဲလက်ခ်မျိုးနွယ်စုခေါင်းဆောင် အိုင်းရစ်, ဝီလီလျှံမျိုးနွယ်စုခေါင်းဆောင် တိုနီ တို့အပြင် ကြင်ယာတော်လောင်း လူနာဟာဗေးနဲ့ ကယ်ရို့တို့ပါ စုဝေးခဲ့ကြသည်။
မျိုးနွယ်စုတိုင်းက အဲလိဇဘက်မျိုးနွယ်စုကို ဖြုတ်ချဖို့ လွယ်ကူစွာပင်လက်ခံကြသည်။ အဲလိဇဘက်မျိုးနွယ်စုခေါင်းဆောင်က သေဆုံးသွားပြီဖြစ်ပြီး အခုခေါင်းတောင်နေရာကတော့ ခေါင်းဆောင်ဟောင်းရဲ့ သမီးဖြစ်သူ လီလီအဲလိဇဘက်ဖြစ်သည်။ မျိုးနွယ်စုတိုင်းက လီလီနဲ့ သူမရဲ့ခေါင်းကိုင်ဖခင်ကို ခေါင်းဖြတ်ကာ မျိုးနွယ်စုကြီးရဲ့ တံတိုင်းမှချိတ်ထားလိုကြသည်။
ထို့နောက်တွင်တော့ အဲလက်ဇန်းဒါး မျိုးနွယ်စု ပိုင်နက်နယ်မြေမှအစ ဝီလီလျှံမျိုးနွယ်စု ပိုင်နက်နယ်မြေအဆုံး အကုန်လုံးကို တံတိုင်းခတ်လိုက်ကြပြီး
' အဲလက်ဇန်းဒါးမျိုးနွယ် (ခေါ်) ရှေးဟောင်းနယ်မြေ ' ဟုသတ်မှတ်ခဲ့ကြသည်။
သေချာပေါက် အဲလိဇဘက်မျိုးနွယ်စုကို တံတိုင်းခတ်ရာမှာ ချန်လှပ်ခဲ့ကြသည်။ မျိုးနွယ်စုခေါင်းဆောင်တွေက အင်အားစုကာ အဲလိဇဘက်မျိုးနွယ်စုကို သုတ်သင်ခဲ့ကြသည်။ လီလီအဲလိဇဘက်နဲ့ သူ(မ) ရဲ့ခေါင်းကိုင်ထခင်အပါအဝင် သူ(မ)တို့ကို သစ္စာခံသူတွေကိုသာသုတ်သင်ပြီး ကျန်သူတွေကိုတော့ မျိုးနွယ်အတွင်းနေထိုင်စေကြသည်။အဲလိဇဘက်ရဲ့ မျိုးနွယ်စုနေရာကို အပြစ်ပေးနေရာအဖြစ် သတ်မှတ်ထားကြလေသည်။
KAMU SEDANG MEMBACA
ဗီလိန်အားကယ်တင်ခြင်း(System)
Romansaဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...