Arc 8.16

889 97 17
                                    

Unicode

ဟွားလန်တောင်

ချန်ဖေးရန် သူကျွေးတဲ့မုန့်ကို ပျော်ရွှင်စွာစားနေတဲ့ အကောင်ပေါက်လေးကို စိတ်ဝင်တစားထိုင်ကြည့်နေသည်။ အကောင်ပေါက်လေးရဲ့ အမှုရာတစ်ခုမှ မလွတ်စေရ သူမှတ်သားနေမိသည်။မုန့်ကိုက်တဲ့အခါ ဖောင်းတက်လာတဲ့ ပါးဖောင်းတွေ ပါးစပ်ထဲမုန့်ပြည့်နေတော့ အနည်းငယ်ဆူထွက်လာတဲ့ နှုတ်ခမ်းလေးတွေက သူ့အား လာနမ်းပါဟုဖိတ်ခေါ်နေသယောင်..

( ပိုတယ်နော်🙄)

" ဒါနဲ့ လုချင်း ဟွားဟန်ကို ဘာလာလုပ်တာလဲ ကိစ္စရှိလို့လား "

ချန်ဖေးရန် သူ့ရဲ့အကောင်ပေါက်ကလေးကိုမေးလိုက်တော့ သူလေးက မုန့်အစားမပျက်ပဲပြန်ဖြေရှာပါသည်။

" ကိစ္စလား ရှိတယ် အရမ်းအရေးကြီးတဲ့ ကိစ္စ သွားမယ်လာ "

" ဘယ်ကိုသွားမှာလဲ "

" ကျိုးအိမ်တော်ကိုလေ "

" ဟမ် ကျိုးအိမ်တော်ကိုဘာလို့သွားမှာလဲ "

ထိုအခါမှ လုချင်းက သွားလေးဖြဲကာ
" အာ ဟုတ်သားပဲ ဟီး ကျိုးမမလေးနဲ့ မုမမလေးတို့ ပြဿနာသွားရှင်းပေးမလို့ "

" အဲ့တာ ကိုယ်နဲ့ဘာဆိုင်လို့လဲ "

" မဆိုင်ဘူးလား "

" မဆိုင်ဘူးလေ "

" ဘာလို့မဆိုင်ရမှာလဲ ကျိုးအိမ်တော်ထက် အာဏာရှိတာ ဟွားလန်လေ "

" အဲ့တော့ "

" အဲ့တော့ တကယ်လို့များ ကျိုးအိမ်တော်က ကျွန်တော့်ကို ထိခိုက်အောင်လုပ်ရင် ဂိုဏ်းချုပ်အချောလေးက ကာကွယ်ပေးလေနော် " ဆိုကာ သူ့လက်မောင်းကို ဖက်ပြီးချွဲနေတဲ့ အကောင်ပေါက်လေးပါလေ။

" အာ မင်းက ကိုယ့်ကိုအကာကွယ်လို့ သဘောထားတာပေါ့ "

" ဘာအကာကွယ်လဲ ဒါအားကိုးတယ်လို့ခေါ်တယ် ဟွန့် " ဟောကြည့် နှုတ်ခမ်းကိုဆူပြီး ကောက်နေပြန်ပါပြီ။

" ဟား ဟုတ်ပါပြီဗျာ "

" သွားမယ် သွားမယ် ကျိုးအိမ်တော်ကိုသွားမယ် " ဝက်ပေါက်စလေလို ထွက်ပြေးသွားတဲ့ အကောင်ပေါက် ချစ်စရာအတိ ရူးပြီကလေးငယ်ရေ ဘာလို့ ဒီလောက်အထိ ချစ်ဖို့ကောင်းနေတာလဲ။

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora