Unicode
System space ထဲက ပိုင်ပိုင်တစ်ယောက် သူ့ရဲ့သခင်ကို အပြစ်တင်နေလေသည်။ အကြောင်းကတော့ သူ့အား host နဲ့အတူ ကမ္ဘာထဲလိုက်ဝင်ခိုင်းတာကြောင့်ပင်။
[ ငါလူး အထက်လူကြီးတွေ တစ်ယောက်မှမကောင်းဘူး သူများကို ကမ္ဘာထဲအတင်းပို့နေတယ် မလာပါဘူးဆိုမှ အူးဝါးးးး ] အသံဆိုးနဲ့ အော်ငိုနေတဲ့ပိုင်ပိုင်ပါလေ။
< အမိန့်လွန်ဆန်ရဲလား >
အော်ငိုနေတုံး system space ရဲ့တစ်နေရာမှ အာဏာပြင်းပြတဲ့ အသံထွက်ပေါ်လာသည်။
[ အိ သွားမှာ သွားမှာလို့ တကယ်ပဲ ]
< စကားကိုများတယ် သွားမှာရှိမသွားဘူး >
System space မှထက်မံအသံထွက်လာတ ပိုင်ပိုင်လေးသည်းမခံနိုင်တော့ပေ။ ထို့ကြောင့်အသံကို မိုင်ကုန်မြှင့်ကာ
[ host ရေ host လူကြီးက ပိုင်ပိုင့်ကိုအနာကျင့်နေတာ ထကြည့်ပါဦးလား အဲ လာကြည့်ပါဦးလား ]ပိုင်ပိုင်ကလဲ ငိုနေသလို ကမ္ဘာထဲရောက်နေပြီဖြစ်တဲ့ ထူးခန့်ပိုင်ကလဲ အခက်တွေ့နေရသည်။ ဇာတ်ကြောင်းမပေးပဲ သူ့ကိုကမ္ဘာထဲပို့လိုက်တာကြောင့်ပင်။ သူရောက်တဲ့နေရာနဲ့ သူ့ပုံစံကိုကြည့်ယုံဖြင့် သူဘယ်ရောက်နေသလဲ သူကဘယ်သူလဲဆိုတာ သိပြီးပြီဖြစ်သည်။
ထူးခန့်ပိုင်က ရေသူထီးဖြစ်နေတာပင် ကမ္ဘာထဲရောက်တဲ့အချိန်က ငါးမန်းနဲ့ထပ်တိုက်ရင်ဆိုင်ရတဲ့အချိန်ပင် သူခဏသာလန့်သွားပြီး ငါးမန်းကိုပြန်လည်တိုက်ခိုက်နိုင်ခဲ့လို့ တော်ပေသည်။
သူအခု ရေပြင်ပေါ်တက်ကာ ကျောက်ဆောင်တစ်ခုပေါ် ထိုင်နေတာဖြစ်သည်။ ငါးမန်းကို အသေသတ်ခဲ့တာကြောင့် ထိုနေရာကို သွေးအနံ့ခံပြီးအမဲလိုက်တဲ့ ငါးတွေရောက်လာတော့မှာကြောင့် အမြန်ထွက်လာခဲ့တာဖြစ်သည်။
' ပိုင်ပိုင် ပိုင်ပိုင့် ' ထူးခန့်ပိုင်အခုမှ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ system ကိုခေါ်ရတော့သည်။ သကောင့်သားက ချက်ချင်းပေါ်မလာပဲ အတော်ကြာမှပေါ်လာသည်။
[ ဗျာ host ]
' မင်း ဘယ်တွေသွားနေတာလဲ ငါမင်းကိုခေါ်နေတာ အသက်ထွက်တော့မယ် '
BẠN ĐANG ĐỌC
ဗီလိန်အားကယ်တင်ခြင်း(System)
Lãng mạnဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...