အခုဆိုရင်တော့ ချန်းဖေ့တစ်ယောက် အလွန်အလွန့်ကို စိတ်ပျက်နေပါပြီ သူစာမသင်ချင်ပါ သူ၏အရင်ဘဝမှာလဲ စာသင်ချိန်ဆိုအိပ်သည် အတန်းပြေးသည်။ ယခုဒီမှာတော်အဲ့လုပ်လို့မရ သကောင့်သားပိုင်ပိုင်က occ မဖြစ်ရဘူးတဲ့လေ အဲ့ကုချန်းဖေ့ကလဲဘာကိစ္စ စာကိုဒီလောက်တောင်ကြိုးစားနေတာလဲ သေရင်ကိုယ်နောက်မပါတဲ့စာကိုထိုင်လုပ်နေတယ်။
ဘာလိုလိုနဲ့ သူဒီကမ္ဘာရောက်တာ တစ်လပြည််ပြီ။ ထိုတစ်လအတွင်း ဖေးရန်အာရဲ့လုပ်ကြံမှုတွေကနေ ကုချင်းရွဲ့ကိုလိုက်ကာကွယ်ရတာမလွယ်။ ထန်လုချင်းနဲ့သူကတော့ ခွေးနဲ့ကြောင်လို မျက်နှာချင်းဆိုင်တွေ့တာနဲ့ စကာစနိုင်လုရသည်မှာအခါခါ။ စေ့စပ်ပြီးနောက်တစ်နေ့ ကျောင်းသွားတော့ သူ့ကိုမစောင့်ပဲသွားပါတယ်ဆိုပြီး ပါးကိုပြန်တိုင်လို့အပြောခံလိုက်ရသေးသည်။ ဘယ်နေရာသွားသွားနောက်ကလိုက်သည် သူမှာမလွတ်လပ်။
ဟိုတစ်ခေါက်ကျောင်းသားတွေစုပြီး ခရီးတိုလေးနှစ်ရက်ထွက်ကြသည်။ ထိုခရီးတွင်တော့သူမလိုက်ရ အကြောင်းကတော့ထန်လုချင်းကသူပါမလိုက်ရတာမလို့ ချန်းဖေ့ကိုပါမထည့်နိုင်ဘူးဟူသောအကြောင်းပြချက်ကြောင့်... ။ Mission တွေလဲပြီးသလောက်တော့ရှိနေပြီ ဇာတ်လိုက်မအကြောင်းဖော်ထုတ်ဖို့ပဲကျန်တော့သည်။ ကုချင်းရွဲ့နဲ့ ဝမ်ရှောင်လုကတော့တွဲနေကြပြီ။ ခရီးတိုထွက်နေတဲ့အချိန်တွင်းတွဲဖြစ်သွားသည်တဲ့။ ဇာတ်လိုက်မကတော့ ငြိမ်နေသည် သေချာပေါက်မကောင်းတဲ့အကြံထုတ်နေတာပဲဖြစ်မည်။
[ host အရေးပေါ် ]
'ဟမ် ဘာဖြစ်တာလဲ '
[ ဇာတ်လိုက်မက ကုချင်းရွဲ့ကိုအရှက်ခွဲဖို့ကြိုးစားနေပါတယ် ]
'ဘာ ! ဘာဖြစ်လို့လဲ ဘယ်လိုအရှက်ခွဲမှာလဲ'
[အဲ့တာ ဇာတ်လိုက်မက ဇာတ်လိုက်ကိုလူကြားထဲဖွင့််ပြောတာပါ ဇာတ်လိုက်ကချင်းရွဲ့နဲ့တွဲနေတာမလို့ဇာတ်လိုက်မကိုငြင်းလွတ်ရော အဲ့တော့အရှက်တွေကွဲ ပြီးတော့ဇာတ်လိုက်ကသူကိုငြင်းရတာ ကုချင်းရွဲ့ကြောင့်ပါဆိုပြီး အရှက်ခွဲမှာပါ host ကုချင်းရွဲ့ကိုပြန်ပေးဆွဲပြီး လူတစ်ချို့ကိုပိုက်ဆံပေးပြီး sex လုပ်ခိုင်းမှာပါ အဲ့တာကိုကျောင်းက page မှာတင်ပြီးအရှက်ခွဲမှာပါ ]
ESTÁS LEYENDO
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...