Arc 6.6

1.7K 169 6
                                    

Unicode

ပိုင်ပိုင်ရဲ့ တစ်ချက်လွတ်အမိန့်ကထိရောက်သည်။ ဟိုနှစ်ယောက်ကရန်မဖြစ်တော့ပဲ သူစားလို့ပြီးသည်အထိစောင့်နေရှာသည်။

' ပိုင်ပိုင် ဇာတ်လိုက်ရဲ့စိတ်ဝင်စားမှုဘားတန်း ပြောဦး '

[ ဟွန့် အမြင်ကပ်စရာကောင်းလောက်အောင် 10% တိုးလာတယ် ဇာတ်လိုက်ရဲ့စိတ်ဝင်စားမှုဘားတန်း 50% ပါ]

' ငါမပြောဘူးလား '

[ ဟွန့် ကြက်ကန်းဆန်အိုးတိုးသွားတာပါ ]

' တော်တယ်လို့ ချီးကျူးလိုက်တော့ မင်းဖင်ကြက်ဆိတ်သွားမှာမလို့လား '

[* ကြက်တော့မဆိတ်ဘူး ဟိုဟာတော့အလုပ်ခံရတယ် ╥﹏╥ *]

နှိုင်းစားလို့ပြီးတော့ အဏ္ဏဝါက
" ဆိုတော့ ငါတို့ဘယ်သွားကြမလဲ နှိုင်းဘယ်သွားချင်လဲ "

" ကစားကွင်းသွားမယ် "

နှိုင်းပြောလိုက်တော့ ပိုင်ပိုင်က
[ မကြီးမငယ်နဲ့ ကစားကွင်းသွားမယ် ?]

' ဘာဖြစ်လဲ ဘာဖြစ်လဲ '

[ ဘာမှမဖြစ်ပါဘူးလေ ]

' ဟွန့် '

" နှိုင်း နှိုင်း ! "

" ဟင် ဘာကြီးလဲ "

" ဘာကြီးမှမလဲဘူး ကစားကွင်းသွားပြီးဘာလုပ်မှာလဲလို့မေးနေတာ "

" ကစားကွင်းသွားပါတယ်ဆိုမှ မဆော့လို့ ငါကသွားကရမှာလား "

" မဟုတ်ဘူးလေ ငါတို့က, ကလေးမှမဟုတ်တာ "

" ကစားကွင်းကို ကလေးပဲသွားရမယ်လို့ဘယ်သူပြောလဲ "

" ဘယ်သူမှတော့မပြောပေမဲ့.."

" မပြောရင်သွားမယ်လေ "

" မသွားချင်ပါဘူးကွာ "

" ဒါဆိုလဲ ဒီနေ့အပြင်မထွက်တော့ဘူးကွာ "

ခွန်းကတော့ စကားဝိုင်းထဲဝင်မပါပဲ နှိုင်းနဲ့အဏ္ဏဝါလှိုင်း ကိုသာထိုင်ကြည့်နေလိုက်သည်။ နှိုင်းရဲ့ကလေးဆန်တဲ့အပြုမှုလေးတွေကိုမြင်ချင်တာကြောင့်ပင်။

" ဟာ အဲ့လိုလုပ်လို့မရဘူးလေ ကျစ် သွားမယ်ကွာ ကစားကွင်းသွားမယ် "

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora