Arc 5.8

1.7K 154 7
                                    

Unicode

James တစ်ယောက် မေ့နေတဲ့ Boo ကိုခဏထားခဲ့ကာ ဖုန်းပြောရန်အပြင်ခဏထွက်သွားခဲ့သည်။ သူအခန်းထဲပြန်ရောက်တော့ ကုတင်ပေါ်မှာထိုင်နေတဲ့Boo

" Boo သက်သာလား ဘယ်လိုနေသေးလဲ ခေါင်းကိုက်သေးလား "

" ဟုတ် သက်သာပါတယ် Darling "

သူမနားတမ်းမေးမိတော့ စိတ်ပူတက်ရန်ဆိုတဲ့မျက်စောင်းလေးထိုးကာ သူသက်သာကြောင်းပြောလာလေသည်။

" Boo မေ့သွားတုံးက ကိုယ်ဘယ်လောက်စိတ်ပူရလဲသိလား "

"  တောင်းပန်ပါတယ် စိတ်ပူအောင်လုပ်မိလို့ "

" မဟုတ်တာကွာ "

" Darling  ရိုက်ကွင်းက...."

" သူတို့လဲသိပါတယ် ဆေးရုံတက်နေရတယ်ဆိုတာ ပြီးတော့ မေမေတို့ကိုလဲဖုန်းဆက်ထားတယ် "

" ဟမ် ဘာလိုဖုန်းဆက်လိုက်တာလဲ Darlingရယ် အလကားစိတ်ပူအောင် "

" ကိုယ်က "

" ကျွန်တော်က အပြစ်တင်တာမဟုတ်ပါဘူး "

" အင်းးးး "

Luther တစ်ယောက် ရှေ့ကလူကြီးကိုကြည့်ကာ ဒေါသထွက်မိတာအခါခါပင်။ အကြောင်းကတော့ သူနိုးနိုးချင်း လူကြီးကိုမတွေ့ရတာကြောင့်

[ ဪ..... Host ရယ် သူလဲ Rose ရဲ့ကိစ္စကိုရှင်းရသေးတယ်လေ host မနိုးသေးဘူးထင်ပြီး ထွက်သွားတာပေါ့ ]

' တိတ်စမ်း သတိရလာလာချင်း ကိုယ်ချစ်ရတဲ့သူကိုမတွေ့ရတဲ့ ဒုက္ခကိုမင်းတို့လို fa တွေဘယ်သိမလဲ '

[ ဖဲ့တယ်နော် host ]

Luther တစ်ယောက်  ဆဲဗင်းနဲ့စကားနိုင်လုနေမိသည်။ သူပဲစိတ်ထင်နေတာလားတော့မသိ ဆဲဗင်းရဲ့အသံကပျော်ရွှင်နေပုံရသည်။ ဆဲဗင်းတစ်ယောက် ပျော်စရာတွေ့ထားလို့ထင်ပါရဲ့...

" Luther ဘယ်လိုနေသေးလဲ "
အသံနှင့်အတူ အခန်းထဲဝင်လာတဲ့ ဒါရိုက်ကြီးနဲ့ မင်းသမီး Sophia

" ဒါရိုက်တာကြီး မမ Sophia လာလေ "

" အေး James အိမ်ခဏပြန်လိုက်ဦး ငါတို့စောင့်နေပေးမယ် "

ပင်ပန်းနွမ်းနွယ်နေပုံရတဲ့ James ကို Wine ကပြောလိုက်ချင်းပင်။ ထိုအခါမှ James ကလဲ
" အင်းအဲ့လိုဆို ခဏပြန်ဦးမယ် Boo ကိုယ်ခုချက်ချင်းပြန်လာခဲ့မယ်နော် "

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now