Unicode
နှိုင်းရာတစ်ယောက် ခွန်းနဲ့အတူ ပွဲတစ်ခုကိုတက်ရောက်ရမည်။ ခွန်းတို့ company ကရှယ်ယာရှင်တစ်ယောက်ရဲ့ ပွဲတစ်ခုပင်။ အရင်ဇာတ်ကြောင်းအရ ထိုပွဲမှာ ဇာတ်လိုက်မနဲ့ထပ်တွေ့နိုင်သည်။ ဘာလို့ဆို ဇာတ်လိုက်မက ရှယ်ယာရှင်သမီးရဲ့သူငယ်ချင်းမလို့ပေါ့။
မူလကိုယ်နဲ့ဇာတ်လိုက်က ဘယ်ပွဲဖြစ်ဖြစ်တူတူသွားကြသည်။ လူများအမြင်မှာတော့ သူတို့နှစ်ယောက်က မိတ်ဖက်တွေလို့ထင်မှတ်ကြပေမဲ့ ထိုသို့မဟုတ်ပေ။ ဒါဆိုဘာလို့ပွဲအတူတက်ကြလဲ ? ထိုအဖြေကိုတော့ ဇာတ်လိုက်တစ်ယောက်ထဲသာသိလိမ့်မည်။
နှိုင်း ခွန်းနဲ့အတူပွဲတက်ဖို့ ဝတ်စုံတွေစမ်းဝတ်ကြည့်နေတုံး ပိုင်ပိုင်ရောက်လာပြီး
[ host အင်္ကျီတွေဘာတွေနဲ့ပါလား ]
' ဘယ်လိုလဲ ငါချောတယ်မလား '
[ လှတယ် ]
' လှတာမဟုတ်ဘူး ချောတာ ခန့်တာ '
[ အော့ ]
' ပိုင်ပိုင် မင်း...မင်း ငါနောက်ကွယ်မှာ ဖောက်ပြန်နေတာလား ပြောစမ်း ဒီကိုဝန်းကြည်ကဘယ်သူနဲ့ရတာလဲ '
[ ကိုဝန်းကြည်?? host ဘာတွေပြောနေတာလဲ ]
' ဟင့် ငါ့မှာတော့ချစ်လိုက်ရတာ ရွှတ် မင်းက မင်းက....'
[ host ! ]
' ဘာလဲပြော '
[ ခုချက်ချင်း သရုပ်ဆောင်တာရပ် ]
' ကျစ် ငါ့ပညာလေးတွေ အလားကားမဖြစ်ရအောင်လို့ ထုတ်သုံးကြည့်တာပါမင်းကလဲ ဘာလဲငြိုငြင်တာလား '
[ အော်ကလီဆန်စရာကြီး ]
' ဒီဖေ....'
[ ဟွန့် ပိုင်ပိုင်က host တစ်ယောက် ဇာတ်လိုက်နဲ့ပွဲတက်ရင် မျက်စိသူငယ်နားသူငယ်ဖြစ်နေမှာဆိုးလို့ အဖော်လာလုပ်ပေးတာကို ဆဲတယ်ပေါ့]
' အေး ဆဲတယ် ပိုင်ပိုင်စုတ် သွားစမ်း ဇာတ်လိုက်မဘာလုပ်နေလဲသွားစုံစမ်းချေ '
[ ဟွန်း ]
' သွားဆို '
[ သွားမယ် သွားမယ် ]
ဆိုကာ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတဲ့ ပိုင်ပိုင်လဲရှိသလို ပိုင်ပိုင်စိတ်ဆိုးလို့ စိတ်ဆိုးမှန်းမသိ မှန်ရှေ့မှာ သူ့ရုပ်သူပြန်ကြွေနေတဲ့ နှိုင်းရာလဲရှိလေသည်။
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...