Arc 8.7

1K 119 30
                                    

Unicode

ချန်းအိမ်တော်တွင်

ချန်းလုယီတစ်ယောက် သူ့ရဲ့အဆောင်တွင် အေးဆေးစွာ အကြမ်းရည်ထိုင်သောက်နေစဥ် အစေခံတစ်ယောက် ပြေးလာပြီး
" ချန်းသခင်လေး "

" ဝင်ခဲ့ "

" သခင်လေး ကျိုးသခင်ကြီးက ထပ်ပြီးတွေ့ခွင့်တောင်းနေပါတယ် "

ချန်းလုယီ စိတ်ညစ်သွားသည် ထပ်ပြီးတော့တွေ့ခွင့်တောင်းပြန်ပြီ ဒီတစ်ခါနဲ့ဆို 5ကြိမ်မြှောက်ဖြစ်လေသည်။ လာတွေ့တိုင်းလဲ သူ(ချန်းယုလီ) ထွက်မတွေ့ချေ။ ချန်သခင်လေးကလဲ ကျိုးသခင်မကြီးကို ဘာအကူညီမှ မပေးဖို့ သတိပေးထားတာကြောင့်လဲပါသည်။

" မအားဘူးလို့ ပြန်ပြောလိုက် "

" ဒါပေမဲ့... သခင်လေး ကျိုးသခင်မကြီးက သခင်လေးမတွေ့မချင်း ပြန်မဲ့ပုံမပေါ်ပါဘူး "

အစေခံစကားကြောင့် ချန်းလုယီလဲ
" သူ့ဘာသူ ပြန်ချင်ပြန် မပြန်ချင်နေ ငါလုံးဝထွက်မတွေ့ဘူး မင်းတို့လဲ အားနားစရာမလိုဘူး ကိုယ်လုပ်စရာရှိတာလုပ်နေ သူတို့ကိုသေလူလို့သဘောထားလိုက် "

ချန်းလုယီစကားကြောင့် အစေခံငယ်လေးခဗျာ မျက်စီပြူးသွားရတော့သည်။
" ရှင် "

" မရှင်းတာရှိလား "

" မရှိပါဘူး ဒီအစေခံသိပါပြီ အခုချက်ချင်းသွားပြောလိုက်ပါမယ် "

" ကောင်းတယ် "

အစေခံလေးက ချန်းလုယီစကားနားထောင်စွာပင် ကျိုးသခင်မကြီးတို့ကို လျှစ်လျုရှုကာ သူတို့လုပ်စရာရှိတာသာလုပ်နေကြသည်။ ကျိုးသခင်မကြီးကတော့ ဒေါသထွက်နေသည်။ သူ့လို့လူကိုတောင် ချန်းသခင်လေးက အရေးမလုပ်ဘူးတဲ့လား။ ကျိုးသခင်မကြီး ပေါက်ကွဲချင်ပေမဲ့လဲ ဒါကသူ့ပိုင်နက်မဟုတ်တာတစ်ကြောင်း ချန်းသခင်လေးရဲ့ အကူညီလိုတာကတစ်ကြောင်းကြောင့် စိတ်ထဲကပဲတေးမှတ်ထားတော့သည်။

မုအိမ်တော်တွင်

မုယောင်ယွဲ့ ရှင်းယွဲ့ပြောသွားတဲ့စကားတွေကို ပြန်ကြားယောင်ပြီးမျက်နှာပူနေသည်။ သူ(မ) ရှင်းယွဲ့ကိုမချစ်ဘူးဆိုရင် လိမ်ရာကျမှာပေါ့။ သူ(မ) ရှင်းယွဲ့ကို သူငယ်ချင်း တစ်ယောက်ထပ်ပိုပါသည်။ ဒါပေမဲ့ သူ(မ)နဲ့ ရှင်းယွဲ့က မဖြစ်နိုင်ပေ။ သူ(မ)တို့အိမ်တော်နဲ့ ကျိုးအိမ်တော်က ရန်ဘတ်တွေ ကျိုးအိမ်တော်နဲ့ မုအိမ်တော်ပေါင်းစပ်ဖို့ဆိုတာ ပိုလိိ့တောင်မဖြစ်သေးပေ။

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now