Arc 8.1

1.5K 114 10
                                    

Unicode

ပထမ အပိုင်းမှာကျန်ခဲ့တာလေးရှိလို့😁

လူတစ်ယောက် သိုင်းဝိညာဥ် နိုးထလာတာနဲ့ သိုင်းဝိညာဥ်အလိုက် သူတို့ဝင်ရောက်ရတဲ့ ဂိုဏ်းတွေလဲကွဲသွားပါတယ်။
(ဥပမာ - မြွေသိုင်းဝိညာဥ်ဆိုရင် မြွေသိုင်းဝိညာဥ်နဲ့ဆိုင်တဲ့ ဂိုဏ်းကိုဝင်ရပါတယ်)

ဇာတ်လိုက်က ရေနဂါးဖြစ်လို့ နဂါးဂိုဏ်း
ဇာတ်လိုက်မက မြွေဖြူဖြစ်လို့ မြွေဖြူရှင်ဂိုဏ်း
ဗီလိန်က ကြိုးကြာမလို့ ကြိုးကြာမယ်ဂိုဏ်း
ရိုးရိုးသိုင်းဝိညာဥ်ပိုင်ဆိုင်သူတွေအတွက်ကတော့ ထိပ်တန်း ဂိုဏ်းသုံးဂိုဏ်းခွဲခြားထားလေသည်။ အဲ့တာတွေကတော့ ယဲ့ချန်ဂိုဏ်း, ကျိုးဟောက်ဂိုဏ်း နဲ့  ဟောက်ချန်ဂိုဏ်း တို့ဖြစ်သည်။

တော်ဝင်အမြှီးကိုချောင်းမြေခွေးတွေရဲ့ ဂိုဏ်းက လျှို့ဝှက်ထားပြီး ဂိုဏ်းနာမည်တောင်မသိရချေ။

ထူးခန့်ပိုင် သူရောက်နေတဲ့ နေရာကိုကြည့်လိုက်တော့ ရေတံခွန်ဘေးနားက ကျောက်တုံးပေါ်မှာ ထိုင်နေတာဖြစ်သည်။ ထိုအချိန်မှာပဲ မပြောမဆိုနဲ့ သူ့ခေါင်းထဲဝင်ရောက်လာတဲ့ မှတ်ဥာဏ်တွေကြောင့် ခေါင်းတောင်မူးသွားရသည်။

ဇာတ်ကြောင်းကိုပြောရရင် သူရောက်နေတဲ့ ကမ္ဘာက အမတမပညာရှင်တွေနေတဲ့ကမ္ဘာ တနည်းအားဖြင့် သိုင်းကမ္ဘာပေါ့။

ဇာတ်လိုက်နာမည်က ကျောက်ရန်လုံ ဇာတ်လိုက်မက ကျိုးရှင်းယွဲ့ ဗီလိန်မလေးကတော့ မုယောင်ယွဲ ဖြစ်ပြီး သူတို့ဇာတ်လမ်းက အရမ်းကိုရှင်းလင်းလွန်းလှသည်။

အရင်ဆုံး သူဝင်ထားတဲ့ကိုယ်နဲ့ စရမယ် သူဝင်ထားတဲ့ ကိုယ်နာမည်က ဟန်လုချင်းဆိုတဲ့ အမြှီးကိုးချောင်းမြေခွေးဖြစ်တယ်။ ဟန်လုချင်းမှာ ဟန်စစ်ချင်းဆိုတဲ့ အကိုတစ်ယောက်လဲရှိတယ်။ အမြှီးကိုးချောင်းမြေခွေးတွေက ရှားပါးမျိုးစိတ်ဖြစ်တယ် သူတို့ရဲ့ နှလုံးက သေခါနီးလူနာကို အသက်ပြန်ရှင်စေနိုင်တယ်။ နောက်ပြီး သူတို့ရဲ့သွေးက မိန်းမတွေကိုလှသွေးကြွယ်စေတယ်။ ဒါ့ကြောင့် လောဘသတွေက အမြှီးကိုးချောင်းမြေခွေးကို တက်မက်ကြတယ်။

ဗီလိန်အားကယ်တင်ခြင်း(System) Où les histoires vivent. Découvrez maintenant