အခုမဟူရာရဲ့ကျူးရှားရစ်အမှတ်ဟာလဲပေါ်လာချေပြီ။ (ပိုင်ပိုင်လေးဖော်ပေးလိုက်တာပါ🤧) ဖျောက်ခံထားရတဲ့မှတ်ဥာဏ်တွေလဲပြန်ရပြီ။ မဟူရာအချိန်ဆွဲမနေတော့ပဲ သူ့မိခင်ထားခဲ့ပစ္စည်းတွေကိုအိတ်တစ်ခုထဲပေါင်းထည့်ကာ အဝတ်စားတွေကိုလဲသေချာစွာထုတ်ပိုးလိုက်သည်။ ထို့နောက် ရိက္ခာခြောက်အနည်းကိုလဲယူကာ အကိုတော်ဆီသို့ထွက်လာခဲ့သည်။
အကိုတော်ဟာလဲသူ့လိုပင်ထုတ်ပိုးထားပြီးဖြစ်သည် သူတို့နှစ်ယောက်လဲမြင်းကိုယ်စီဖြင့် သီဟရာဇာနိုင်ငံနယ်နိမိတ်မှဝေးရာသို့ထွက်လာခဲ့သည်။ မဏိရာဇာနိုင်ငံမှ စစ်သူကြီးခမ်းဆီကိုလဲ သူတို့အိမ်မှအပြီးတိုင်ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် သူတို့ရှိနိုင်တဲ့နေရာကိုဖော်ပြထားတဲ့စာလိပ်ကလေးအား စာပို့ငှက်လေးနှင့်ပို့ဆောင်လိုက်ပြီဖြစ်တာကြောင့်သူတို့ကိုအမြန်တွေ့ဖို့တော့မျှော်လင့်မိပါရဲ့။ကံဆိုးချင်တော့ စစ်သူကြီးခမ်းဟာ စစ်တိုက်ထွက်နေရခြင်းပင်။ ဒါကြောင့်စာလိပ်လေးကိုဖတ်မဲ့သူမရှိခဲ့ပါချေ။
၃နှစ်ကြာပြီးနောက်......(သိဘူးကျော်မယ်😁)
၃နှစ်အတွင်း အရာအားလုံးပြောင်းလဲခဲ့သည်။ ဇာတ်လိုက်နှင့်ဇာတ်လိုက်မဟာ ရာဇာဧကရာဇ်နဲ့ပြုံးမူသွဲ့ မဟုတ်တော့ချေ။ သီဟရာဇာနိုင်ငံဟာ မဏိရာဇာနိုင်ငံရဲ့ လက်အောက်နိုင်ငံတစ်ခုဖြစ်သွားကာ ဇာတ်လိုက်နှင့်ဇာတ်လိုက်မကလဲသေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ပိုင်ပိုင်ပြောလို့ သူသိပြီးပါပြီ။ ဇာတ်လိုက်ကသူတို့အရေးနှိမ့်နေတာသိတော့ ဇာတ်လိုက်မကိုထားခဲ့ကာ တစ်ကိုယ်တည်းရုန်းထွက်သွားခဲ့သည်။နောက်တော့လဲပြန်မိတာပါပဲ။ အခုချိန်ထိစစ်သူကြီးခမ်းဟာ သူတို့ကိုလာမရှာသေးသလို သူကလဲဒီကမ္ဘာကထွက်လို့မရေသေးချေ။
သူ၏မယ်တော် မဏိအမရာ ဆန္ဒအတိုင်းခမည်းတော်နှင့်တွေရဦးပေမည်။မဟူရာနဲ့ပယင်းဟာ သီဟရာဇာနိုင်ငံကထွက်ပြေးခဲ့ပြီး စံပယ်ရုံကြီး ရွာသို့ရောက်လာခဲ့သည်။ သူတို့ရောက်နေတဲ့နေရာကို စစ်သူကြီးဆီသို့စာပို့ငှက်လဲလွတ်ထားပြီးပါပြီ သို့သော် ဒီနေ့ဒီချိန်ထိရောက်မလာခဲ့ပါချေ။ စံပယ်ရုံကြီးရွာတွင် ပယင်းတို့ညီကိုနှစ်ယောက်က အချမ်းသာဆုံးပင် ဘဏ္ဌရေးအမတ်ဆီမှယူလာတဲ့ ရွှေစအချို့နှင့်ထိုရွာလေးတွင်စားသောက်ဆိုင်ဖွင့်လိုက်သည်။ ဆိုင်ကျဥ်းလေးပေမဲ့ အတော်လေးရောင်းရသည်။ နောက်ပိုင်းတော့ ဆိုင်ကျဥ်းလေးမှ တဖြည်းဖြည့်ချဲ့ထွင်ခဲ့ရာ အခုဆိုစံပယ်ရုံကြီးရွာတွင် သူတို့ဆိုင်ကအကြီးဆုံးဖြစ်သည်အထိပေါ့။
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...