သာယာလှတဲ့မနက်ခင်းတွင် pot စခန်းတွင်တော့ ခေါင်ဆောင်ဖြစ်သူ ဂန်မင်ချိုတစ်ယောက်ကတော့ မသာယာပေ။ အကြောင်းကတော့ ဒုခေါင်းဆောင်ဖြစ်သူ ဂျွန်မင်ဆော့နှင့်အဆင်ပြေတာကြောင့်ပင်။ ချစ်ရသူနှင့် အဆင်ပြေဖြစ်ရင် ဘယ်သူကသာယာနေမှာတဲ့လဲ ? ချစ်ရသူနဲ့အဆင်ပြေရေး ဂန်မင်ချို့အရေးဆိုပြီး ဆန္ဒပြလို့လဲမရ ဇွန်ဘီတွေကြားထဲ ဆန္ဒပြရင်သူပဲ တမလွန်ကိုရောက်သွားမှာမဟုတ်ပါလား။
" အဆင်တွေပြေမနေပါဘူး ဟူးးးဟူ "
ဂန်မင်ချိုတစ်ယောက် စခန်းတွင်းစစ်ဆေးဖို့သွားနေစဥ် ငြီးငြူစွာပြောလိုက်မိသည်။ ဂန်မင်ချို့အပြောကို ဘေးနားရှိနေတဲ့ အဖွဲ့သားတစ်ယောက်ကကြားပြီး သူ့ကိုပြောတယ်ထင်ကာ
" ဗျာ ! ခေါင်းဆောင် ကျွန်တော်ဘာလုပ်မိလို့.."
" အာ မဟုတ်ပါဘူး ဒီတိုင်း သီချင်း ဟုတ်တယ် သီချင်းဆိုတာ "
" ဪ ဟုတ်ကဲ့ ခွင့်ပြုပါဦး "
အဖွဲ့သားက အူကြောင်ကြောင့်နှင့်ထွက်သွားပြီး ခဏအကြာတော့
" ဟုတ်ပြီ ချယ်ယွန်းရေ ဝူဆော့ကခုချိန်ဆိုဘယ်မှာရှိလောက်လဲ "
" ဝူဆော့က အခုချိန်ဆို...... စခန်းထဲကအရိပ်ရသစ်ပင်အောက်မှာရှိနေလောက်တယ် ခေါင်းဆောင်ဘာလို့လဲ "
" ဝူဆော့ကို အမိန့်ပေးစရာလေးရှိလို့ စခန်းကိုမင်းပဲစစ်လိုက်တော့ ငါအရေးကြီးလို့သွားပြီ "
ချယ်ယွန်းရဲ့ အဖြေကိုမစောင့်ပဲ ပြောချင်ပြောပြီးထွက်သွားတဲ့ ဂန်မင်ချိုပါလေ။ ကျန်ခဲ့တဲ့ချယ်ယွန်းကတော့ စခန်းထက်အရေးကြီးတဲ့အမိန့်မလို့ ခေါင်းဆောင်အလျင်လိုနေတယ်ဟု မှတ်ထင်ကာစခန်းစစ်ဆေးရန်ထွက်သွားခဲ့လေသည်။ တကယ်လို့ ချယ်ယွန်းသာ ဝူဆော့ကိုပေးမဲ့ခေါင်းဆောင်ရဲ့အမိန့်ကိုသာသိပါလျှင် ဒီလိုတွေးနေမှာမဟုတ်....
( တစ်ခုပြောချင်တာက စခန်းတွင်းစစ်ဆေးတယ်ဆိုတာကလေ လုံခြုံရေးစစ်တာပေါ့နော် ဇွန်ဘီတွေကစခန်းကို မကျူးကျော်လာအောင် ဟာကွက်တွေကိုလိုက်ဖြည့်တာပေါ့ 😅မရှင်းရင်မေးလို့ရပါတယ်နော် )
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...