Arc 8.4

1K 125 27
                                    

Unicode
ကြည်လင်သာယာတဲ့ နေ့လေးတစ်နေ့တွင် နွေးထွေးတဲ့ အလင်းရောင်ပေးစွမ်းတဲ့ နေမင်းက သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေလေသည်။ နဆရဆာင်ကျရောက်ရာ လမ်းတစ်ခုလတ်တွင်တော့ ချောမောလှပတဲ့ ယောင်္ကျားနှစ်ယောက် လမ်းလျှောက်ရင်း ခရီးထွက်လာတာကိုတွေ့ရလိမ့်မည်။

ထိုလူနှစ်ယောက်ကတော့ ဟန်လုချင်းနဲ့ ရှန်းလင်းချင်တို့ပင်ဖြစ်သည်။ လုချင်းတို့ ဂိုဏ်းကနေ အလောတကြီးထွက်လာခဲ့တာ အခုဆို ဟန်စစ်ချင်းရှိရာ တောင်ပေါ်ရောက်ဖို့ ဘယ်လောက်မှမလိုတော့ပြိ။

" အားးးး ပျင်းတယ် မရောက်နိုင်သေးဘူးလား ဇာတ်လိုက်ကောင်ဆီ "
လုချင်းပြောလိုက်တဲ့ စကားကြောင့် လင်းချင်မျက်လုံးပြူးသွားသည်။ ပြီးနောက် ဘေးဘီကိုကြည့်ကာ

" ဟန်လုချင်း စကားကိုဆင်ခြင် "

" ဘာလို့လဲ "
မထုံတက်တေးနဲ့ ပြန်မေးနေတဲ့ လုချင်းကို လင်းချင်စိတ်မရှည်တော့တာကြောင့် စိတ်ထဲမှဆက်သွယ်ပြီး

[ host ကို ဟန်လုချင်း မဟုတ်မှန်းသိသွားရင် ပြဿနာအကြီးကျယ်တက်မှာ ]

' အော် သွေ့ပုချိ သွေ့ပုချိ '

ထိုနောက် စကားသံတွေတိတ်ဆိတ်သွားပြန်ပြီ မကြာပါ လုချင်းက
" ရှန်လင်းချင် "

" ဟုတ် သခင်.. အဲ လုချင်း "

" side mission တွေထပ်မရှိတော့ဘူးလား"

" ဂါးးးး ဟန်လုချင်း "

" ဘာလဲကွာ "

" ပုံမှန်မဟုတ်တဲ့ စကားတွေမပြောနဲ့လို့ နောက်ကမ္ဘာမှာ ရုပ်ဆိုးဆိုးအဖိုးကြီး ကိုယ်ထဲရောက်ချင်ရင်တော့ ဆက်ပြော "
လင်းချင် စိတ်ဆိုးစွာပြောလိုက်တော့

" ဟဲ ဟဲ စတာပါကွာ မင်းကလဲ "

" ဟွန်း ကြည့်နေ ကြည််စား ကြည့်သွား ကြည့်လာ သေသွားမယ် ရှင်သွားမယ် မသေမရှင်နဲ့ ဆန့်ငင်ဆန့်ငင်ဖြစ်သွားမယ် "

" ဟီးးး ချစ်ဆုံး သူငယ်ချင်းလေးကလဲ "

လင်းချင် သူ့ကိုလာချွဲပြနေတာကြောင့် မျက်စောင်းထိုးပေးလိုက်သည်။ တကယ်လို့ လင်းချင်သာ နဂါးဆိုရင် လုချင်းတစ်ယောက်ပြာကျနေလောက်ပြီ။

ဗီလိန်အားကယ်တင်ခြင်း(System) Nơi câu chuyện tồn tại. Hãy khám phá bây giờ