Arc 4.13

1.7K 167 8
                                    

Unicode

ကုသခန်းတွင်းကျန်ခဲ့တဲ့မင်ဆော့ကတော့ ဝူဆော့တို့ထွက်သွားတာနှင့် စတင်ငိုတော့သည်။ တစ်နေ့လုံး စိတ်တွေလေးလံနေကထဲက တစ်ခုခုမကောင်းတာဖြစ်တော့မယ်ဆိုတာသူသိသင့်ပါသည်။ အချိန်လွန်မှရတဲ့နောင်တကြောင့် အခုငိုကျွေးနေရပြီမဟုတ်ပါလား။ ထိုလူသားသတိရလာမှဖြစ်မည်။ ထိုလူသားကိုအများကြီးချစ်ကြောင်းပြောချင်သည် ထိုလူသားရဲ့နွေးထွေးတဲ့ရင်ခွင်ထဲမှာ ခိုလှုံချင်သည် ထိုလူသားရဲ့ စိုးရိမ်ပူပန်မူတွေကိုလဲခံယူချင်သေးသည် ထိုလူသားနဲ့ အသက်ကြီးသည်အထိအချစ်မလျော့ပဲနေချင်သေးသည် ထိုကြောင့် ထိုလူသားသတိရမှဖြစ်မည်။ ဒါကသူ့ရဲ့ဆန္ဒ ထိုဆန္ဒက အတ္တဆန်သလိုဖြစ်သွားရင်လဲဂရုမစိုက်ပါ သူဂရုစိုက်တာ ထိုလူသားပင်။

ဝူဆော့တစ်ယောက် အလွန်ပင်ပန်းနေပြီဖြစ်တာကြောင့် ထုံးစံအတိုင်း အရိပ်ရအပင်အောက်တွင်ထိုင်ကာ ပင်စည်ကိုခေါင်းမှီထားပြီး မျက်လုံးများကိုဖြည်းညှင်းစွာပိတ်လျက် အနားယူနေသည်။ သူအနားယူနေတုံး အလိုက်ကမ်းဆိုးမသိတဲ့ ဆဲဗင်းရဲ့အသံထွက်လာသည်။

[ host ]

' ဟမ် '

[ D မြို့ကိုပြောင်းမှဖြစ်မယ် ]

' ဘာလို့လဲ ဇာတ်လိုက်ကမေ့နေတုံးလေ ဘယ်လိုပြောင်းရမှာလဲ '

ဆဲဗင်းရဲ့စကားကို အတွန့်တက်မိသည်။ တကယ်ဆို D မြို့ကိုရိက္ခာရှာထွက်ပြီး နောက်တစ်ရက်နေရင်ထွက်ဖို့တွေးထားပြီးပြီ။ သို့သော်မထင်မှတ်စွာပဲ ခေါင်းဆောင်ကဒါဏ်ရာရလာကာ မေ့မြောနေတာကြောင့် ထိုအစီစဥ်ကိုနောက်ရွေ့လိုက်ရသည်။

[ ဂျန်ညီကိုက ဇာတ်လိုက်ကိုအသေသတ်ချင်နေတာ ဇာတ်လိုက်မသေဘူးဆိုတာသိရင် စခန်းအတွက်ပါအန္တာရယ်ရှိနိုင်တယ် ]

' ဟုတ်ပြီ ငါအကိုမင်ဆော့နဲ့တိုင်ပင်လိုက်ဦးမယ် ဒါနဲ့ဇာတ်လိုက်ကို ဂျန်ညီကိုတိုက်ခိုက်နေတုံးက အနားမှာဘယ်သူမှမရှိဘူးလား '

[ မရှိဘူး host ဒါပေမဲ့ တွေ့လိုက်တဲ့သူတော့ရှိတယ် သူကအသစ်အဖွဲ့က ဇွန်ဘီတွေနဲ့တိုက်နေတုံး ဇာတ်လိုက်အော်သံကြောင့်လှည််ကြည််ရင်းတွေ့သွားတာ ]

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora