Arc 7.9

1.3K 143 12
                                    

Unicode

အဲလက်ခ်မျိုးနွယ်စုတွင်

တိုနီဟာဗေး အိုင်းရစ်ရဲ့ဦးလေးချိန်းဆိုတဲ့နေရာကိုရောက်လာခဲ့သည်။ ဥယျာဥ်ထဲ စဝင်ဝင်ခြင်း မိုက်ခနဲဖြစ်သွားတာကြောင့် ခဏရပ်နေမိသည်။ ပြီးမှ အိုင်းရစ်ဦးလေးကို
" ဘာကိစ္စရှိလို့လဲ "

" တိုနီ.. ကိုယ့်တူမလေး "

" ခဏ တိုနီဟာဗေးလို့ အပြည််စုံခေါ်ပေးပါ ဒေးဗစ်အဲလက်ခ် "

" ကိုယ်က.. ကောင်းပါပြီ တိုနီဟာဗေး ကိုယ့်တူမလေးက ကိုယ်တို့နှစ်ယောက်ရဲ့ ပြဿနာနဲ့မဆိုင်ဘူး သူမကိုဆွဲမထည့်ပါနဲ့ "

ဒေးဗစ်အဲလက်ခ် ပြောလိုက်တဲ့ တိုနီလဲ
" အို့ ကိုယ့်ကြင်ယာတော်ကို ဘာမဟုတ်တဲ့ ကိစ္စတွေကြားဆွဲထည့်စရာလား "

" ဘာမဟုတ်တဲ့ကိစ္စ ကိုယ်တို့ရဲ့ အတိတ်ကအဖြစ်ပျက်တွေက ဘာမဟုတ်တဲ့ကိစ္စတဲ့လား တိုနီဟာဗေး "

" ကိုယ််အကြောင်း ကိုယ်သိတာကောင်းလိမ့်မယ် ဒေးဗစ်အဲလက်ခ် အတိတ်မှာကျွန်တော့်အပေါ် ဘယ်လိုအပြစ်ရှိနေလဲဆိုတာမမေ့ပါနဲ့ ခင်ဗျားကြောင့် ကျွန်တော့်ညီတော် "

" ချစ်လို့ "
တိုနီ့ စကားမဆုံးခင် ဒေးဗစ်ဖြတ်ပြောလိုက်တဲ့စကားကြောင့် တိုနီဒေါသထွက်သွားသည်။

" ဘာ! "

" ကိုယ်မင်းကိုချစ်လွန်းလို့ အခုလိုဖြစ်အောင်လုပ်လိုက်တာ မင်းဝီလီလျှံမျိုးနွယ်စုကို ပြန်သွားစရာမလိုဘူး ဝီလီလျှံမျိုနွယ်စုမှာ ရောဘတ်ရှိတယ် "

" ငါက ဝီလီလျှံရောဘတ်လေ တိုနီဟာဗေးမှမဟုတ်တာ "

" မင်းက တိုနီ ငါသိပ်ချစ်ရတဲ့ကောင်လေးတိုနီ ရောဘတ်ကမင်းမဟုတ်တဲ့ အခြားတစ်ယောက် "

စိတ်ဝေသနာခံစားနေရတဲ့ လူတစ်ယောက်ကို ရောဂါဖောက်အောင် လုပ်နေသလိုမျိုး ဒေးဗစ်ကပြောနေသည်။ ဒေးဗစ်ပြောသမျှ တိုနီမကြားပေ ဘာကြောင့်ဆိုသော် တိုနီဟာဗေး ခေါင်းထဲသို့ လျှင်မြန်တဲ့နှုန်းထားနဲ့ ပုံရိပ်ယောင်အချို့ဝင်လာသောကြောင့်ပင် ။

" ခင်ဗျားရဲ့ သောက်သုံးမကျနဲ့ ဟောကိန်းကြောင့်လေ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဆိုတဲ့ ဝီလီလျှံရောဘတ်က တောစောင့်နတ်မင်းရဲ့ကြင်ယာတော် ခင်ဗျားရဲ့တူမကတော့ အဟက် ဝီလီလျှံရောဘတ်ဆိုတဲ့ ကျွန်တော့်သမီးလေ "

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now