Arc 6.3

1.7K 193 6
                                    

Unicode

ခွန်းလဲ နှိုင်းရာသဘောအတိုင်း ခေါက်ဆွဲပြုတ်ကျွေးလိုက်ပြီး ဆေးတိုက်ကာ ခဏအိပ်စေလိုက်သည်။ နှိုင်းအိပ်သွားတော့မှ သူလုပ်စရာရှိတာလုပ်ရတော့သည်။

တကယ်ဆိုသူ့(ခွန်း)ရဲ့ Rut ကာလက လွန်ခဲ့တဲ့နှစ်လလောက်ကပြီးဆုံးသွားခဲ့ပြီး နောက်တစ်ခေါက် Rut ရင်ရန် လတစ်ဝက်လောက်ကျန်သေးတာကြောင့် သူပေါ့ဆမိသည်။ Alpha တစ်ယောက်က သုံးလတစ်ခါ Rut ဝင်တာဖြစ်ပြီး Rut ဝင်ရင်လဲအနည်းဆုံး တစ်ပတ်လောက်ကြာတက်သည်။

အခု သူ့ရဲ့ပေါ့ဆမှုကြောင့် နှိုင်းရာကိုတာဝန်ယူရတော့မည်။ နှိုင်းကို တာဝန်မယူချင်လို့ဟုတ်ပဲ နှိုင်းရာနေရာမှာ အခြားတစ်ယောက်သာဆိုရင်ဆိုတဲ့အတွေးကသူကိုသတ်နေသည်။

* ကိုယ်တော့ ရူးတော့မှာပဲ နှိုင်းရယ် *

နောက်တစ်နေ့မနက်တွင်တော့ ဒေါ်မိုးမခနိုင်တစ်ယောက် ခွန်းရဲ့တိုက်ခန်းသို့ရောက်လာသည်။ ရောက်ရောက်ချင်းနှိုင်းရာဆီသို့သွားကာ

" သားနှိုင်း သက်သာလား "

" ဟုတ်သက်သာပါတယ် အန်တီနိုင် "

" အေးအေး အန်တီ သားမေမေဆီဖုန်းဆက်ထားတယ် "

" ဗျာ မေမေကဘာပြောသေးလဲဟင် "

" အဟင်းး ဘာမှမပြောပါဘူးကွယ် ပထမတော့လန့်သွားတာပေါ့ နောက်တော့သဘောတူပါတယ်တဲ့လေ မင်္ဂလာရက်ရွေးဖို့ပဲကျန်တော့တာ "

" ဟုတ် "

" သားတို့မင်္ဂလာပွဲကို နောက်လထဲစီစဥ်ထားတယ် "

" ဗျာ မမြန်လွန်းဘူးလားအန်တီခိုင် "

" အို မမြန်ပါဘူးကွယ် တကယ်ဆိုဒီထက်တောင် စောသင့်တာ ရက်တွေတိုက်နေလို့သာ နောက်လထဲစီစဥ်လိုက်တာရယ် "

" ... "

" ဒါဖြင့် အန်တီခိုင် ပြန်ဦးမယ် ခွန်းဓနမင်း ငါ့ကိုလိုက်ပို့ဦး"

ရောက်ထဲက သွားလေဖြတ်သည်အထိပြုံးကာ သား သား ဆိုပြီး နှိုင်းနဲ့အရွှန်းဖောက်နေတဲ့ ဒေါ်မိုးမခနိုင်က ခွန်းဓနမင်းဆိုတဲ့သူ့အားမေ့နေပုံရသည်။ ပြန်မယ်ဆိုကာမှ စောနကရုပ်နဲ့လားလားမှမဆိုင်စွာ ပြောလာတာကြောင့်ခွန်းတကယ်ကိုဆွံအမိသည်။ အတော်လေးကိုမျက်နှာလိုက်တဲ့ဒေါ်မိုးမခနိုင်ပါလေ။

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora