Arc 9.2

679 77 19
                                    

Unicode

ဂန်ယူဂျင်းတစ်ယောက် သူ့ဂူထဲတွင် ရှေ့သွားနောက်သွားလုပ်နေရင်း ပါးစပ်မှလဲ
" 6လ 6လ 6လ 6လ " ဟု တစ်တွတ်တွတ်ရွတ် နေသည်။ ဘေးနားက ဂျွန်ထယ်ဆူကတော့ သူ့၏ သူငယ်ချင်းကိုကြည််ပြီး ခေါင်းနောက်နေပြီဖြစ်သည်။ နောက် မနေနိုင်တော့တဲ့အဆုံး သူထအော်တော့သည်။

" host ဘာလို့ 6လ 6လ ဆိုပြီးအော်နေတာလဲ အော်နေလို့ရော mission ကပြီးသွားမှာတဲ့လား "

" မပြီးလို့အော်နေတာပေါ့ဟ "ဂန်ယူဂျင်းက မျက်နှာမဲ့ကာ ပြန်ပြောသည်။ ဂန်ယူဂျင်းအဖြေကြားပြီး ဂျွန်ထယ်ဆူရဲ့ မျက်နှာမကောင်းချင်တော့ပေ။ သူ(ထယ်ဆူ)ကြားချင်တာက သူ့ host ဆီမှ အကူညီတောင်းခံသံကိုပင်။

" ဟွန်း အရင်က host နဲ့များတခြားဆီ အရင်တုံးက သွက်လက် ဖြတ်လတ်ပြီး အနေအေးတဲ့ host က အခု လူပေါင်းမှားပြီးအပျင်းတစ်နေပြီ  "

" ကိုယ််ကိုကိုယ်တော့သိသားပဲ " ယူဂျင်း ရွဲ့ပြောလိုက်သည်။ အခု ယူဂျင်းမှာ ပေါင်းစရာဆိုလို့ ဂျွန်ထယ်ဆူပဲရှိတာကို လူပေါင်းမှားတယ်ဆိုတော့...

" ဘာပြောတာ "

" ဘာမှမဟုတ်ဘူး ချွဲဟာယောင်း ဆီသွားလိုက်ဦးမယ် "

" ဘာလုပ်ဖို့လဲ "

" ဟိုစုန်းမဆီ ဇာတ်လိုက်မပါသွားအောင် မြူဆွယ်ခိုင်းမလို့ဟေ့ " ယူဂျင်း တမင်ရွဲ့ပြောလိုက်သည်။ တကထဲ ဟိုနားဒီနားသွားဖို့ သူ့ကိုသတော်ဦးတင်နေရသေးတယ်။

" ဪ ကောင်းတာပေါ့ ဟမ် ဘာ မရဘူးလေ   host " ထယ်ဆူပြောလိုက်တော့ ယူဂျင်းက ထယ်ဆူ့အား စိတ်မရှည်သလိုကြည့်ကာ

" ကျစ် သိတယ် နားငြီးတယ် အော်မနေနဲ့ "

" ဟွန့် စေတနာနဲ့ သတိပေးတာကို "

" တိတ်စမ်း "

" ...... "

ယူဂျင်း ဂူထဲ၌ ထယ်ဆူကိုထားခဲ့ပြီး ဂူအပြင်သို့သာထွက်လာခဲ့တော့သည်။

" ချွဲဟာယောင်း "

" မင်းသားငယ်လေး " ချွဲဟာယောင်းက သူ့အား အရိုသေပေးရင်း ပြန်ထူးလေသည်။

" အားယား အမကလဲ မင်းသားတွေဘာတွေလုပ်မနေပါနဲ့ ဒီတိုင်း ယူဂျင်းလို့ပဲ ခေါ်ပါဆို "

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now