Arc 6.5

1.7K 185 2
                                    

Unicode

ဇာတ်လိုက်အား မျက်တောင်မခတ်ငမ်းနေတဲ့ ဇာတ်လိုက်မကိုကြည့်ကာ နှိုင်းခေါင်းယမ်းလိုက်သည်။ ကွေးနေတာကို ဖြောင့်အောင်ပြန်လုပ်လို့ရမတဲ့လား ဟွန့်

[ host ကို ဘယ်သူကပြောလဲ ဇာတ်လိုက်ကကွေးနေတယ်လို့ ]

' ငါပြောတာလေ ဇာတ်လိုက်ကကွေးနေတာအသိသာကြီး '

[ မကွေးပါဘူးဆို ]

' မကွေးရင် မူလကိုယ်ကိုဘာလို့ကြိုက်လဲ'

[ အဲ့တာမူလကိုယ်နဲ့လေ အခုက host လေမတူဘူး mission ကိုလဲသတိရဦး ဇာတ်လိုက်ကိုမြူဆွယ်ရမှာနော် ]

' ကြက်သီးထစရာကြီး မြူစွယ်တာမဟုတ်ပါဘူး ဇာတ်လိုက်ဆီကစိတ်ဝင်စားမှုရအောင်လုပ်ရမှာပါ '

[ တူတူပဲလေ ]

' ထားတော့ ငါ့ကို ဘားတန်းလေးပြဦး '

[ ဟွန်းးး ဇာတ်လိုက်ရဲ့စိတ်ဝင်စားမှုဘားတန်း 40% ပါ ]

' ဝါးး ဘာမှမလုပ်ရသေးပဲ 10% တိုးလာတယ်ကြည့်စမ်း '

[ ဘာကို ဘာမှမလုပ်ရမှာလဲ အခန်းထဲမှာမွမွပေးပြီး မာကင်ပေးတာက ဘာမှမလုပ်တာလား ]

' ဘာ ပိုင်ပိုင်ဘာပြောလိုက်တာ ငါမကြားလိုက်လို့ '

ပိုင်ပိုင်တစ်ယောက် သူပြောတာကိုမကြားချင်ယောင်ဆောင်နေတဲ့  host ကိုကြည််မရတော့တာကြောင့်

[ ကျွန်တော် စင်ပေါ်ကမိုက် နဲ့ပြောရမလား ]

' ရတယ် မလိုဘူး အခုနားကောင်းသွားပြီ စောနကနားပိတ်နေလို့ '

[ မြူဆွယ်တုံးကမြူဆွယ်ပြီး အခုမှလာရှက်နေသေး အံဩဘဟယ် ]

' ငါ မြူဆွယ်တာမဟုတ်ပါဘူး သူ့ဘာသာသူ ငါ့ကိုလာနမ်းတာ '

[ အဲ့တာ host ..]

' တော်တော့ ပိုင်ပိုင် ရှစ်ကြီးခိုးပါရဲ့ အဲ့ကိစ္စထပ်မပြောစမ်းပါနဲ့ကွာ '

[ အမလေးဟယ် အရင်ကမ္ဘာတွေတုံးက မိုးမမြင်လေမမြင် ကဲခဲ့တာသူမဟုတ်တဲ့အတိုင်း ]

' ပိုင်ပိုင် !'

[ ဟီးး သိုလှောင်ပစ္စည်း အသစ်ပွင့်နေပြီတဲ့ စစ်ကြည််လိုက်ဦးမယ်နော် ]

ဗီလိန်အားကယ်တင်ခြင်း(System) Tahanan ng mga kuwento. Tumuklas ngayon