Arc 4.8

1.9K 167 6
                                    

ချမ်းလွန်းတဲ့ညလေးတစ်ညမှာ pot စခန်းရဲ့ကွင်းလယ်တွင် ကောင်လေးတစ်ယောက်ထိုင်နေသည်။ ထိုကောင်လေးက ကြယ်တွေစုံလင်နေတဲ့ကောင်းကင်ကိုကြည့်ကာ အတွေးတွေလွင့်ပျယ်လျက်ရှိသည်။ ထိုကောင်လေးကတော့ ဂျွန်ဝူဆော့ပင်။

[ host ဘာတွေငိုင်နေတာလဲ mission လုပ်ဖို့ရော အစီစဥ်ရှိလား ]

ဝူဆော့တစ်ယောက် အတွေးလွန်နေစဥ် ဆဲဗင်းရောက်လာတာကြောင့် အတွေးပျက်သွားသည်။ သူအခု ဘယ်အကြောင်းရာကိုတွေးနေပြီး ဘယ်အရာကိုတောင်းတနေသလဲ သူကိုယ်တိုင်မသိပေ။ ချမ်းလွန်းတဲ့ညကြီးမှာတောင် ပူလောင်လွန်းတဲ့သူ့ရဲ့ရင်ထဲကအပူတွေကလဲ ဘယ်အကြောင်းရာကြောင့်များဖြစ်လာသလဲသူမသိတော့ပေ။

' ဟင် ရှိတယ်လေ '

[ အဲတာဆိုလုပ်လေ ဇာတ်လိုက်မမျက်နှာဖုံးခွာချရမယ် ဖြေဆေးလဲရှာရဦးမယ် အဖွဲ့မပျက်အောင်လဲလုပ်ရဦးမယ်]

' ငါစဥ်းစားနေတာကကွာ ဒီစခန်းကထွက်သွားရင်ကောင်းမလားလို့ '

[ ဘာလို့ထွက်မှာလဲ ဒီမှာနေရာတာအဆင်ပြေတယ်လေ ပြီးတော့မူလကိုယ်မသေစေရန်နဲ့ ဇာတ်လိုက်မမျက်နှာဖုံးခွာချဖို့က ဒီစခန်းမှာရှိမှဖြစ်မှာ ]

' ဖြေဆေးလေ ဖြေးဆေးကိုငါကဘယ်ကရှာရမှာလဲ ပြီးတော့  သေသွားတဲ့သိပ္ပံပညာရှင်ရဲ့ဖြေဆေးကဘယ်မှာလဲငါမသိဘူးလေ ဖြေဆေးရှာဖို့ဆို အဲ့သေသွားတဲ့လူရဲ့အလောင်းမှာရှာကြည့်ရမယ် သူသေတဲ့နေရာတစ်ဝိုက်မှာရှာရမယ်ကွာ '

[ အဲ့တာများ host လင်နှစ်ယောက်ရှိသားပဲ သူတို့ကိုပြောလိုက်ပေါ့ ပြီးတော့ ဇာတ်လိုက်နဲ့ဗီလိန်လဲရှိတာကို ဇာတ်လိုက်သဘာဝ ဘာလုပ်လုပ်အောင်မြင်မှာသေချာတယ် ဗီလိန်ရောတူတူပဲ ]

' အင်းးးးး ငါ...ငါကြိုးစားကြည့်ဦးမယ် '

မျက်နှာညိုးငယ်စွာနှင့် ထစ်ထစ်အအပြောနေတဲ့ host ဟာ အရင်နေ့တွေကနဲ့မတူတာဆဲဗင်းလေးသတိထားမိပါသည်။ host ရဲ့အတွေးတွေကြားနေရတဲ့သူအဖို့ host ရဲ့ပူလောင်ခြင်းတွေပါကူးစက်နေလေသည်။ ကမ္ဘာအစစ်က ထူးခန့်ပိုင်ရဲ့နာကျဥ်ခြင်းတွေကို အခုထိမေ့လို့မရသေးဘူးထင်ပါရဲ့။

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora