Arc 2.3

3.1K 213 0
                                    

မဟူရာတို့လဲ နေမဝင်ခင် စံအိမ်တော်ကိုပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ သူတို့ရဲ့ဖခင်ကိုတွေ့လိုက်ရသည်။ ခင်ထန်နေတဲ့မျက်နှာထားကြောင့် သူတို့နှစ်ယောင်အကြည့်ချင်းဆုံမိကြသည်။ ကောင်းသောကိစ္စမဟုတ်တာ သူတို့ရိပ်မိသည်။ ဖခင်ဟာအိမ်ကို တစ်နှစ်နေလို့နှစ်ခါပဲပြန်လာတာမဟုတ်ပါလား ထိုနေ့ကလဲ ပယင်းအမေဆုံးတဲ့နေနှင့် မဟူရာအမေဆုံးတဲ့နေပင်။ ဘာအရေးကိစ္စနေနေ ဆက်သားနဲ့ပဲစေခိုင်းတက်တဲ့ ဖခင်ကယခုလိုအိမ်ကိုပြန်လာတယ်ဆိုတော့

" ပြန်လာကြပြီလား "
ဒေါသထွက်နေတာကို မြိုသိပ်ထားတာကြောင့်လားမသိပေ ဖခင်ရဲ့အံကြိတ်သံခပ်ဩဩက သူတို့နှစ်ယောက်ကို ကြက်သိမ်းမွေးထစေဖို့လုံလောက်သည်။

"ဟုတ်ကဲ့ ဖခင်"

" ပယင်း မင်းအပြစ်မင်းသိလား "

" ကျွန်တော်မှာအပြစ်မရှိပါဘူးဖခင် အပြစ်ဖြစ်လောက်အောင်လဲမလုပ်မိပါ "

" အရှင့်ကိုအရိုသေတန်မဲ့ပြောလိုက်တာက အပြစ်မရှိဘူးတဲ့လား မင်းလုပ်ရက်ကြောင့် ဒီအဖေဘယ်လောက်အရှက်ရခဲ့တယ်ထင်လဲ"

' တစ်ခုခုလွဲနေသလားလို့'

[ ဘာလွဲတာလဲ host ]

' မူလကိုယ်နဲ့ပယင်းအဖေက...'

[ အဟမ်း အစထဲက သူတို့ဆက်ဆံရေးကမကောင်းတာပါ ]

'ဇာတ်ကြောင်းမှာက '

[ ဇာတ်ကြောင်းမှာ ဂရုစိုက်တယ်တစ်လုံးတောင်မပါဘူးလေ ပြီးတော့ ဘုရင့်ကြင်ယာတော်ဖြစ်တာကလဲ အတင်းအကြပ်စေခိုင်းတာကြောင့် ]

" အရှက်ရစေတယ် ? ဖခင်မယ်အရှက်ရောရှိပါရဲ့လား ဇနီးဖြစ်သူကိုကိုယ်တိုင်သတ် ဇနီးဖြစ်သူဘက်ကပါလာတဲ့သားကို မှတ်ဥာဏ်ဖျောက်တဲ့အပြင် ကောဆိုတာပါဖုံးကွယ်ထားသေးတယ် အဆိုးဆုံးက သူက မဏိရာဇာနိုင်ငံရဲ့အရေးပါအရာရောက်တဲ့လူမလို့ ဒီလိုလုပ်နေတာ ကျွန်တော်မသိဘူးထင်နေတာလားဖခင်"

မဟူရာ သူမသိတဲ့အရာတွေကြောင့် ဖခင်ဖြစ်သူနဲ့ အကိုဖြစ်သူတို့ပြောနေတာကိုကြည််နေခဲ့သည်။ တစ်စိတ် ဇာတ်ကြောင်းမှာဒါတွေမပါဘူးလားလို့။

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora