Arc 8.13

942 97 20
                                    

Unicode

တော်ဝင်ဂိုဏ်းတွင်

ဟန်စစ်ချင်းတစ်ယောက် အေးချမ်းတဲ့နေရာ တစ်ခုတွင်ထိုင်ကာ အတွေးနယ် လွင့်နေလေသည်။ ဂိုဏ်းကိုရောက်တာ ဘယ်လောက်မှမရှိသေးပဲ ကလေးပေါက်စကို လွမ်းနေမိသည်။ တစ်ချိန်လုံး ကိုယ််အပေါ်တွယ်ကပ်နေတဲ့ ကလေးဆိုးလေး အခြားသူတွေနဲ့ဆို တည်နေပေမဲ့ ကိုယ်နဲ့ဆို အမြဲပြုံးပျော်နေတဲ့ ကလေးပေါက်စလေးကို သူလွမ်းနေရသည်။

စစ်ချင်း အလွမ်းတွေထန်နေချိန် အလိုက်မသိတဲ့ လုချင်းလေးရောက်လာပါလေသည်။ လုချင်းရဲ့ လက်ထဲတွင် စက္ကူထုပ်တစ်ထုပ်ပါလာပြန်ပြီ။ စစ်ချင်း ဖြစ်နိုင်ရင် ထိုင်နေရာမှ ထပြေးချင်စိတ်ပေါက်လာလေပြီ တစ်နေ့တစ်နေ့ ဂိုဏ်းသူတွေရဲ့ ပိုးပန်းပစ္စည်းတွေ သူ့ဆီယူလာပေးရတာ မမောဘူးလားမသိ သူကတော့ ယူရမှာတောင် မျက်နှာပူလာချေပြီ။

' ကလေးပေါက်စကို လွမ်းပါတယ်ဆိုမှကွာ '
လို့ စိတ်ထဲမှ ပြောလိုက်တော့သည်။

" ကိုကို ဒီမှာ ကိုကို့အတွက် ချစ်သက်လက်ဆောင်တဲ့ "

" ... "
စစ်ချင်း သူ့ရှေ့က စက္ကူထုပ်ကိုသာ ငေးကြည့်နေလိုက်သည်။

" ဟာ ကိုကို ငုတ်တုတ်ကြီး မေ့သွားတာလား "
လုချင်း လက်ဆောင်ထုပ်ကို ငေးကြည့်နေသော စစ်ချင်းကိုမေးလိုက်ချင်းပင်။ မျက်နှာကလဲ မှိုင်လို့ *လဒ* ကတောင် အဖေခေါ်လို့ ရလောက်သည်။ ( ဟယ် အားကြီးနဲ့😂 )

" မဟုတ်ပါဘူး တွေးစရာလေးရှိလို့ပါ "

" ဘာတွေတွေးနေတာလဲ ဘယ်မိန်းကလေးကို ပိုးပန်းရင်ကောင်းမလဲဆိုပြီး တွေးနေတာလား "
လုချင်းပြောတော့ စစ်ချင်းက လုချင်းအား မနိုင်ဘူးဆိုတဲ့ အကြည့်ပေးကာ

" မဟုတ်ပါဘူး တစ်စုံတစ်ယောက်ကို သတိရမိလို့ပါ "

" အားရား သတိရတယ်တွေ ဘာတွေ ညာတွေ လုပ်မနေနဲ့ ပျင်းစရာကောင်းတယ် လာ စျေးတန်းကိုသွားကြမယ် "

" မသွားရပါဘူး ချင်းချင်း စာအုပ်ကဖတ်လို့ပြီးပြီမလို့လား "

စစ်ချင်းပြောတော့ လုချင်း မျက်နှာပျက်သွားလေသည်။ ပြီးမှဆူပုတ်ပုတ်နှင့်
" မဖတ်ရသေးဘူး ဒါပေမဲ့..."

ဗီလိန်အားကယ်တင်ခြင်း(System) Donde viven las historias. Descúbrelo ahora