စစ်သူကြီးခမ်း ဒါဆိုရင် အကိုတော်နဲ့တွေ့ဆုံပြီးလို့ အလွမ်းသယ်ပြီးသွားပြီထင်ပါ့။
" အကိုတော်ပြန်လာပြီလား စစ်သူကြီးခမ်းလဲပါလာတာရော "
" မြို့ထဲသွားရင်းလမ်းမှာတွေ့လာတာပါညီတော် "
" ဒါဆိုရင်တော့ ဒီညမယ် အကျွန့်တော့ ကောင်းကောင်းအိပ်စက်အနားယူရမယ်ထင်ပါ့ "
" ညီတော် !"
မဟူရာ့စကားသံကြောင့် ပယင်းအလန့်တကြားတားမိပါသည်။ 'ဒီကောင်ကလေးလျှောက်မပြောလောက်ပါဘူးနော် '" ဟီး အကိုတော်ကလဲ ညီတော်ပြောတာက ဒီညမိုးရွာမှာမလို့ မိုးအေးအေးနဲ့အိပ်လို့ရပြီလို့ပြောတာပါ "
" အဟမ်း ဒီညီကိုနှစ်ယောက် ဘ်တွေလျှို့ဝှက်နေတာလဲ အကျွန့်ကိုရောမပြောပြချင်ဘူးလား "
" ဒါကဒီလိုရှိတယ် စစ်သူကြီးရဲ့ လူတစ်ယောက်ကပေါ့နော် ညတိုင်းတစ်စုံတစ်ယောက်ကိုလွမ်းဆွတ်းတမ်းတပြီး ငိုကြွေးနေတာကြောင့် အကျွန့်ဆိုအဲ့လူကိုသနားလွန်းလို့အိပ်မပျော်နိုင်ပါဘူး "
" အဟမ်း ညီတော် မနက်ဖြန်နန်းတွင်းထဲသွားဖို့ ဆေးတွေစုံပြီလား လိုသေးသလား ဘာတွေလိုသေးလဲ "
"ဆေးကတော့စုံပါပြီအကိုတော် တစ်ခုပဲလိုတယ် အဲ့တာကမိုးရေ ဒီညမိုးရွာရင်တော့ဖြင့် မနက်ဖြန်နန်းတွင်းထဲဝင်နိုင်မှာပါ"
" ဪ ဒီညမိုးရွာဖို့ဆုတောင်းရမှာပေါ့ "
စစ်သူကြီးခမ်း စကားကြောင့် မဟူရာရီချင်စိတ်ကိုထိန်းထားရသည်။ ဒီညမိုးရွာမှာမလို့ဆုတောင်းနေစရာပင်မလိုတာကြောင့်..။
တကယ်လဲ ညသန်းခေါင်ယံမှာမိုးရွာခဲ့သည်။ မဟူရာလဲ ဘူးသီးခြောက်လေးပြည့်အောင်မိုးရေဖြည့်လိုက်ပြီး မနက်ဖြန်အတွက်ပြင်ဆင်နေရသည်။ ဒါ့အပြင်စာတစ်ဆောင်လဲရေးထားသည်။ ဒီ mission ပြီးရင်သူဒီကမ္ဘာကထွက်သွားတော့မှာမလို့ပေါ့...
နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်တွင် မဟူရာနိုးလာခဲ့သည်။ ပယင်းကလား မနေ့ထဲကစစ်သူကြီးခမ်းနှင့်ပါသွားချေပြီ။ သူကသာအတွဲတွေကြားဝင်မရှုပ်ချင်လို့ကျန်ခဲ့တာ။
BINABASA MO ANG
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...