Arc 3.13 🔞

2.8K 193 0
                                    

( 🔞 နည်းနည်းလေးမှောင်ပါမယ် ကြိုက်ရင်ကြည််ပါ မကြိုက်ရင်ကျော်သွားကြပါ ကြည််ပြီးမှ ဘာဘာညာညာလာမပြောပါနဲ့ )

' အာ့ '

" ဘာလို့အတင်းဆွဲနေတာလဲ ဒီမှာပွန်းကုန်.. အွန့် "

မော်ဂန်တစ်ယောက် ခွန်းအားမကျေမနပ်ဖြေမေးလိုက်သော်လဲ အဖြေမရချေ ရုတ်တရတ် နံရံဘက်သို့အတင်းဖိကပ်လာတာကြောင့် မော်ဂန့်ကျောအောင့်သွားရတော့သည်။ ထိုနောက် မော်ဂန့်နှုတ်ခမ်းပေါ်သို့ကျရောက်လာတဲ့ ခွန်းရဲ့အနမ်းမိုးတွေ ချိုသာမူအလျင်းမရှိပေ တက်မက်မူတွေသာပါတဲ့အနမ်းတစ်စုံကို မော်ဂန်မတုံပြန်မိ ရုန်းကန်နေပါသော်လဲအချည်းနှီး။ ခွန်းကသူ့လက်တွေကိုချုပ်နှောင်ထားတာကြောင့် ပို၍ရုန်းမရ။ အနမ်းတွေတစတစ ပြင်းထန်လာပြီးနောက်တွင်တော့ ဘယ်နေရာကိုဦးတည်နေမှန်းသိတာကြောင့် မော်ဂန်ထိတ်လန့်မိသည်။

' ကျစ် '

ခွန်း သူ့ရဲ့အနမ်းတွေကိုမတုံပြန်တဲ့မော်ဂန်ကြောင့် စုတ်သတ်မိသည်။ အားမရစွာမော်ဂန့် နှုတ်ခမ်းတွေကိုအလွတ်ပေးမိတော့ ခွန်းထံသို့မော်ဂန့်အကြည့်စူးစူးကရောက်လာသည်။

" ကိုယ် "

" အရင်ဆုံး ငါ့ကိုလွတ်ဦး "

ခွန်းစကားမဆုံးသေးခင်မှာပဲ မော်ဂန်ကဖြတ်ပြောလိုက်တာကြောင့်

" ဟားး အချစ် ဘာကိုငါလဲကွာ "

"  လွတ်ဆို  ခွန်း! "

" အေးကွာ "

ခွန်းတစ်ယောက် မအီမသာနှင့်လွတ်ပေးလိုက်ရတော့သည်။ မော်ဂန်စိတ်တိုနေပြီဆိုတာသိသည် ကြာလာရင်ရန်ဖြစ်တော့မဲ့အခြေနေကြောင့် သူလွတ်ပေးလိုက်ရတော့သည်။ မော်ဂန်ကသူလွတ်ပေးလိုက်တာနဲ့ လက်နှစ်ကို သူ့ရှေ့တွင်ထောင်ပြကာ

" ဒီမှာကြည့် မင်းကြောင့်ငါ့လက်တွေပွန်းကုန်ပြီ ကျောလဲအောင့်သွားတယ် ဘယ်လိုဖြစ်လို့အတင်းအကျပ်တွေလုပ်နေတာလဲ "

" ဟ မလုပ်လို့ရမလား  ကိုယ်သဝန်တိုတက်မှန်းသိရက်နဲ့ ဟိုကောင်နဲ့ဘာလို့ကပ်နေလဲ စကားတောင်ပြောလိုက်သေးတယ် "

ဗီလိန်အားကယ်တင်ခြင်း(System) Onde histórias criam vida. Descubra agora