Unicode
( ထူးခန့်ပိုင်ကို လူနာဟာဗေး လို့ပဲသုံးပါမယ် )
ဇာတ်ကြောင်းအလုံးစုံကိုနားလည်အောင် အချိန်ပေးပြီးခဏကြာတော့ ဇာတ်လိုက်ကအခန်းထဲရောက်လာသည်။
" နိုးလာပြီလား ကြင်ယာတော် "
ဇာတ်လိုက်အသံကြားတာနဲ့ သူလဲ အိပ်နေရာမှ ထထိုင်ရန်ပြင်လိုက်သည်။ သို့ပေမဲ့ ဗိုက်ကဒါဏ်ရာကြောင့် ထိုင်ရတာအဆင်မပြေလှပေ။ ထိုအရာကို ဇာတ်လိုက်ကသိသည့်အလား သူ့ကို အိပ်ရာပေါ်ပြန်လဲစေသည်။ ပြီးမှ ဇာတ်လိုက်ရဲ့ မေးခွန်းကိုဖြေရသည်။
" ဟုတ်...ဟုတ် ဒီကြင်ယာတော် နိုးပါပြီ "
" ဒါဏ်ရာ သက်သာပါရဲ့လား "
" စိတ်ပူပေးလို့ကျေးဇူးပါ ဒီကြင်ယာတော် သက်သာပါတယ် "
သူပြောလိုက်တော့ ချားလော့က မျက်ခုံးပင့်ကာ
" ကြင်ယာတော်တွေရဲ့ကျင့်ဝတ်ထဲမှာ လိမ်မပြောရဘူးလို့ပါသလားလို့ "[ host နာရင်နာတယ်ပြောလိုက်ပါလား ဘာလို့ဟန်ဆောင်နေတာလဲ mission ရှုံးမယ်နော် ]
' ချီး ငါမှ ကျင့်သားမရသေးတာ '
ဟုတ်တယ်လေ အခုမှကမ္ဘာထဲစဝင်တာလေ ပြီးတော့ အရင်ကမ္ဘာတွေလိုပေါ့ပေါ့တန်တန် mission လုပ်လို့ရတာလဲမဟုတ်
" အာ ဒီကြင်ယာတော်က ... "
" ဟက် ဒီတစ်ခါတော့ ရှိစေတော့ နောက်တစ်ခါ မဖြစ်စေနဲ့ "
" မှတ်သားထားပါ့မယ် ခေါင်းဆောင် "
ခေါင်းဆောင်လို့ခေါ်လိုက်တော့ ရှေ့ကလူက အလိုမကျနဲ့မျက်နှာနှင့်
" ချားလော့ "" ဗျာ "
" ကိုယ့်ကိုချားလော့လို့ခေါ်လို့ရတယ် "
" မသင့်တော်ပါဘူး "
" ဒီသခင်ကြီးရဲ့ အမိန့်ကို လွန်ဆန်နေတာလား "
" မဝံ့ရဲပါဘူး "
" ဒါဆို ချားလော့ လို့ခေါ်ဖို့အဆင်ပြေတယ်မလား "
" ပြောပါတယ် "
သူပြောလိုက်တော့ ဇာတ်လိုက်က ကျေနပ်သွားတဲ့အမှုရာနှင့်။ အခန်းတွင်းလေထုက တိတ်ဆိတ်သွားပြီး ဇာတ်လိုက်ပဲ ထိုလေထုကိုဖြိုခွဲလိုက်သည်။
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း(System)
Romanceဟန်ဆောင်မှုတွေကြားကြီးပြင်းလာရတဲ့သူဖြစ်လို့ မေတ္တာအစစ်အမှန်ကိုတော်လိုချင်မိပါရဲ့ System "ကျွန်တော်နဲ့လက်တွဲလိုက်ပါ host host လိုချင်တဲ့မေတ္တာရစေရမယ် *လင်လဲရစေရမယ်လို့ရဲရဲကြီးအာမခံတယ်*" host " ခွေးသားရဲ့ မင်းအဖေက အဖြောင့်ကွ" by ဆူးခတ် ( 7. 5. 202...