Arc 5.3

1.9K 167 0
                                    

Unicode

လူရွေးပွဲကျင်းပတဲ့အခန်းထဲတွင် ဒါရိုက်တာ စာရေးဆရာနဲ့ Luther တို့သုံးယောက်အပါအဝင် ငါးယောက်ရှိသည်။ လူသစ်တွေတစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လဲ တစ်ယောက်မှအဆင်မပြေကြပေ။ ပ/ဇာတ်လိုက်နဲ့ ဒု/ဇာတ်လိုက်နေရာမှာ လူသစ်ကိုထည့်ရိုက်မှာမလို့ အတော်လေးသတိထားနေရသည်။ ယှဥ်ပြိုင်သူတွေက အဆိုးကြီးမဟုတ်သော်လဲ သူတို့ရဲ့စိတ်ကိုမဆွဲဆောင်နိုင်သေးတော့ခက်သည်။ 

[ host ဇာတ်လိုက်အလှည့်ရောက်ပါပြီ ]

' ok '

လူးရွေးပွဲမှာပြင်းရီစွာထိုင်နေတဲ့ Luther ဟာ ဆဲဗင်းအသံကြောင့်ခါးမတ်သွားသည်။ သူစောင့်နေတဲ့အချိန်ကိုရောက်ပြီပဲ။ အတွေးမဆုံးခင်မှာပဲ အခန်းထဲသို့ ချောမောတဲ့လူငယ်လေးဝင်လာသည်။

" Hello "

" လူငယ်လေး မင်းရဲ့နာမည်နဲ့ ဘယ်ဇာတ်ကောင်နေရာမှာဝင်ရောက်သရုပ်ဆောင်ချင်လဲပြောပါ "

ဒါရိုက်တာအမေးကြောင့် ထိုလူငယ်ကကြောင်သွားကာ ခဏနေမှ

" အမ်းးးး ကျွန်တော့်နာမည်က Alice ပါ ဒီဇာတ်ကားမှာ Leo(လီယို ' close your eyes' ရဲ့ဇာတ်လိုက် ) နေရာကသရုပ်ဆောင်ချင်ပါတယ် "

" Leo ဟုတ်ပြီကောင်လေး မင်းရဲ့အရည်ချင်းကိုကြည့်ရတာပေါ့ "

" ဟုတ်ကဲ့ "

" ဒါဆိုအဆင့်သင့်ဖြစ်ရင်စမယ်နော် Leo မသေခင် ပြောခဲ့တဲ့နောက်ဆုံးစကား "

' ဝိုးးး အရင်ဇာတ်ကြောင်းမှာဇာတ်လိုက်က အဲ့အခန်းနဲ့အောင်သွားတာမလား '

[ ဟုတ်တယ် host Harvey(ဟာဗေး ဒုဇာတ်လိုက်) နဲ့  Iris (အိုင်းရစ် ဇာတ်လိုက်မ) တို့လက်ထက်ပွဲပြီးနောက်တစ်နေ့မှာပဲ Leo ကသတ်သေသွားတာ သူမသေခင်ပြောသွားတဲ့စကားက အတော်ထိတယ် ]

' ဪ '

" ဟုတ်ကဲ့ရပါတယ် "

" ဒါဆိုစမယ် "

ဒါရိုက်တာစကားဆုံးတာနဲ့  Alice လဲအသင့်အနေထားပြင်လိုက်ပြီးနောက် ပြိုတော့မဲ့မိုးလိုမျက်နှာထားနှင့် အက်ကွဲနေတဲ့အသံဖြင့်
" အဆိပ်ရှိတဲ့ဆူးကို မိုက်မဲစွာမလွတ်တမ်းကိုင်ထားပေမဲ့ အချိန်ကြာလာတော့ ဆူးမှာရှိတဲ့အဆိပ်တက်ပြီး ဆက်မကိုင်နိုင်တော့လို့လွတ်ချလိုက်ရတာပဲမဟုတ်လား Iris နောက်ဘဝမှာပဲကြိုစောင့်နေပါမယ် မင်းပျော်မယ်ထင်လို့ရွေးသွားတဲ့လမ်းမှာပျော်ပါစေ  ကိုယ်လဲမင်းပေးတဲ့ဒါဏ်ရာတွေကိုမခံနိုင်လို့ ကိုယ်ရဲ့မိုက်မဲတဲ့နှလုံးသားကို မင်းကိုပေးခဲ့ပြီး မင်းနဲ့ဝေးရာထွက်သွားတော့မယ်  အမ်းးးမင်းပျော်မှာပါ "

ဗီလိန်အားကယ်တင်ခြင်း(System) Where stories live. Discover now