May 1ရက်နေ့ တနင်္လာနေ့ ။
"ဟေ့ကောင် ငလင်း ထတော့ကွာ။ ခနနေ ကျောင်းအပ်ရင် ငါတို့ နောက်ကျကျန်နေမယ်''
"အင်း......ငါးမိနစ်''
"မင်းဂျီးတော်ကို ငါးမိနစ်လုပ်နေတယ်။ ဒီနေ့ ကျောင်းသွားအပ်ရမှာပါဆို။ မထရင် ငါကထားခဲ့မှာနော်။ ''
"ဟာ....ထပြီလို့ ရပြီမလား ''
"ရပြီ။ မျက်နှာမြန်မြန်သစ်... ငါ ထမင်းကြော်ထားတယ်''
"ဘာနဲ့ကြော်ထားတာလဲ''
"အရှင်မင်းသားအကြိုက် ကြာညို့နဲ့ ကြော်ထားပါတယ်ဗျ''
"ဟီးဟီး အဲ့တာကြောင့် ငါ့သဲလေးကို ချစ်နေရတာ ''
"ဘောကို သဲလေးလား''
"ဘာလဲ မင်းက ငါ့ကို မချစ်ဘူးလား''
"မင်းကို ကြိုက်မဲ့အစား အဆောင်ရှေ့က ဗယာကြော်ရောင်းတဲ့ ကုလားပဲ သွားကြိုက်လိုက်တော့မယ်''
"အော်ဟော်.... လတ်စသတ်တော့ မင်းက ဗယာကြော်ကြိုက်လို့ သွားစားတာမဟုတ်ဘဲနဲ့ အဲ့ဦးလေးကြီးကို ကြိုက်နေလို့ပေါ့။ သူငယ်ချင်းရယ် မင်းရုပ်မင်းရည်နဲ့ ကြိုက်တဲ့ကောင်မလေး ရှာတွဲလို့ရပါတယ်ကွာ။ ဘာလို့ အိမ်ထောင်ရှိတဲ့ ဦးလေးကြီးကိုမှ သွားကြိုက်ရတာလဲ။ ''
"ဟာ....ဒီခွေးကောင်တော့.....သေဖို့ပြင်ထား''
"စတာ စတာလို့...ဟားဟား.....''
ကျွန်တော့်နာမည် သက္ကရာဇ်ရောင်ဝေလင်းပါ။ စဝ်စံထွန်းက သူနာပြုကျောင်းမှာ ပထမနှစ်တက်မယ့် ကျောင်းသားလေးပေါ့။ မွေးရပ်ဇာတိကတော့ အင်းလေးကပါ။ ကျောင်းမအပ်ရသေးတော့ အဆောင်ကို ကျောင်းဝင်းထဲမှာ မနေသေးဘဲ ကျွန်တော့်သူငယ်ချင်း ခွန်ထွဋ်ခေါင်နဲ့ အပြင်ဆောင်မှာ ခနဌားနေကြတာပေါ့။ သူကတော့ ပုအိုဝ့်လူမျိုး။ အင်းထဲကို 8တန်းကတည်းက ပြောင်းလာပြီး ကျွန်တော်နဲ့ခင်မင်လာတယ်လို့ ပြောရမှာပဲ။ 10တန်းအောင်ပြီးတော့လည်း တက္ကသိုလ်တက်ပါလားမေးတော့ ''မင်းမပါဘဲ ငါတစ်ယောက်ထဲ မတက်ချင်ပါဘူးကွာ။ မင်းက သူနာပြုလုပ်မယ်ဆိုတော့ ငါလည်း လိုက်ပြီးပါရမီဖြည့်ချင်တာပေါ့ကွ'' လို့ပြောလာတဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးပါပဲ။
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙