"ကိုကို ကုန်သွားပြီ"
"ကဲ နောက်တစ်ခုလာပါပြီဗျာ"
ဒီနေ့ ဂျူတီပိတ်ရက်ဖြစ်တာကြောင့် သက္ကရာဇ် ကိုကို့ရဲ့တိုက်ခန်းမှာ လာသောင်တင်နေပါသည်။ ဆေးစာအုပ်ကြီးတစ်အုပ်ဖြင့် အလုပ်ရှုပ်နေတဲ့ကိုကို့ရဲ့ ပေါင်ပေါ်မှာ ခေါင်းတင်ပြီး အိပ်နေကာ စပျစ်သီးခွံကျွေးခိုင်းနေတဲ့ သက္ကရာဇ်ရယ်ပါ။
"ကလေး အစေ့တွေဝါးမစားနဲ့နော် ကိုကို့လက်ဖဝါးထဲထည့်"
"ဟုတ်ကဲ့ပါဗျ"
Ringing 📞📞
ဖုန်းမြည်သံက သက္ကရာဇ်ရဲ့ဖုန်းဆီကနေ ထွက်ပေါ်လာတာကြောင့် ကိုကို့ပေါင်ပေါ်ကနေ အမြန်ထလိုက်ပြီး ဖုန်းကိုင်လိုက်တော့ ခေါ်ဆိုသူက သေချင်းစိုးသူငယ်ချင်းလေး ထွဋ်ခေါင်ဖြစ်နေသည်။ အိမ်ကို ခွင့်ယူပြီးပြန်သွားတဲ့ ၁၀ရက်လုံးလုံး ဖုန်းမဆက်လာဘဲနဲ့ အခုမှဆက်လာတာကြောင့် လူကစိတ်ဆိုးချင်မိသည်။ ရှိတာမှ သူငယ်ချင်းသုံးယောက်ပါဆို တစ်ယောက်ကို ဌာနတစ်ခုစီကျနေသဖြင့် ဆုံတွေ့ချိန်က နည်းပါးလှသည်။
"သဲလေးရေ"
"အေး "
"ဟ... လေသံကဘာဖြစ်နေတာတုန်း"
"ဘာမှမဖြစ်ဘူး ပြောဘာလဲ"
"ခွေးသား ငါမင်္ဂလာဆောင်တော့မယ်"
"အေး ကောင်းတာပေါ့ ဟမ် ဘာပြောတယ်"
"မင်းအဖေ ငါမင်္ဂလာဆောင်တော့မယ်လို့"
"အဲ့တာဆို ဆရာ၀န်ရွက်က ဘယ်လိုလုပ်မှာလဲ သူတစ်ယောက်တည်းကျန်ခဲ့တော့မှာပေါ့"
"ငါမင်္ဂလာဆောင်မှာ ကိုကိုနဲ့လေ သူတောင်းစားရဲ့ ဘယ်လိုဖြစ်လို့ အသိစိတ်ကင်းမဲ့နေရတာလဲ"
"အော်အေ ငါအတွေးနဲနဲ ချော်သွားတယ်"
"အေးအဲ့တာ ငါ့ရွာကိုလာခဲ့ ဆရာလွှမ်းနဲ့အကိုခန့်ကိုတော့ ကိုကိုက ဖုန်းဆက်လိုက်မယ်တဲ့ ဖားပြည့်ကိုလည်း ငါဆက်ပြီးပြီ ဒါပဲ"
"အဲ့တာဆို ငါတစ်ယောက်ပဲကျန်......ဟေ့... ဟေ့ကောင်"
"ဘာဖြစ်တာလဲ ကလေး"
ဖတ်လက်စစာအုပ်ကို ဘေးသို့ခနချလိုက်ပြီးမျက်နှာရှုံ့မဲ့နေတဲ့ကလေးအနားဆီသို့ သွားလိုက်ကာ အနောက်ကနေ ခါးဖက်လိုက်ပြီး မေးလိုက်တော့
YOU ARE READING
My dear male nurse (Complete)
Fantasyဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙