ဒီနေ့က သက္ကရာဇ်ကို ကိုကိုပြစ်ထားတာ စတုတ္ထမြောက်တဲ့နေ့......
မောက်မယ်ကပြန်လာတဲ့နေ့ကစပြီး သက္ကရာဇ်ကို အဆက်အသွယ်မလုပ်ဘဲပြစ်ထားသည်။ ဆေးရုံမှာတွေ့ရင်လည်း မသိမသာရှောင်ထွက်သွားသည်။ OT ၀င်ရတဲ့ နေ့တွေဆိုရင်လည်း သက္ကရာဇ်ကလွဲ၍ ကျန်တဲ့သူများကို အလုပ်ခိုင်းသည်။ သက္ကရာဇ် ဒီရက်ပိုင်းအတွင်းမပျော်ပါ။ ချစ်ရတဲ့သူကပြစ်ထားတော့ စားချင်သောက်ချင်စိတ်တွေပျောက်ပြီး အလုပ်လုပ်ရတာလည်း ဘာတစ်ခုမှအဆင်မပြေပေ။
"ငလင်း Sister ခေါ်နေတယ်"
Ward ထဲကသူငယ်ချင်းတစ်ယောက်ရဲ့အသံကြောင့် သက္ကရာဇ် ပြုံးလိုက်မိသည်။ မနက်ကသူအပြစ်တစ်ခုလုပ်ထားလို့ Ward Sister ခေါ်ဆူတော့မယ်ဆိုတာ သူကြိုတင်ခန့်မှန်းတွက်ချက်ထားပြီးသားပင်။
"မနက်က patientတစ်ယောက်ကို ဆေးမှားထိုးမိတော့မလိုဖြစ်တယ်ဆို"
ရုံးခန်းစားပွဲခုံပေါ်မှာမှတ်တမ်းရေးနေရင်း အင်္ကျီအဖြူရောင်နဲ့ထမိန်အစိမ်းရောင်ကို ၀တ်ဆင်ထားတဲ့ Sister က သူ့ရှေ့မှာမတ်တပ်ရပ်နေတဲ့ သက္ကရာဇ်ကိုမေးလာတာကြောင့် ခေါင်းငုံ့ကာဖြေလိုက်မိသည်။
"ဟုတ်ပါတယ် Sis"
"စိတ်နဲ့လူနဲ့မကပ်ဘူးလား သက္ကရာဇ် ဒါလူ့အသက်တစ်ချောင်းနော် ကစားစရာအရုပ်မဟုတ်ဘူး။ လူနာတွေရဲ့ အသက်ပေါင်းများစွာက ငါတို့တွေရဲ့ လက်ထဲမှာရှိနေတာ ငါတို့ဘက်ကတစ်ခုခုချို့ယွင်းသွားရင် လူနာတွေကို ဘယ်လိုမျက်နှာပြရမလဲ ဟမ်...နည်းနည်းလေးတောင် နင်မစဉ်းစားမိဘူးလား အခန့်မသင့်ရင် ထောင်ကျသွားနိုင်တယ်ဟဲ့"
"တောင်းပန်ပါတယ် Sis"
"နောက်ဒါမျိူးမဖြစ်စေနဲ့ နောက်တစ်ခါဆို ခွင့်မလွှတ်ဘူး"
"ဟုတ်ကဲ့ Sis"
"သွားတော့"
"ခွင့်ပြုပါအုန်းဗျ"
"မနက်စောစောစီးစီး မုန့်ဟင်းခါးတွေစားနေတာပေါ့"
ရုံးခန်းအပြင်ဘက်မှာ ထွဋ်ခေါင်က နံရံကိုမှီကာလက်ပိုက်ရင်း သူ့ကိုမေးလာတာကြောင့် သက္ကရာဇ် ခေါင်းငြိမ့်ပြလိုက်သည်။
YOU ARE READING
My dear male nurse (Complete)
Fantasiဆရာဝန်နဲ့ သူနာပြုတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ 💙 လွှမ်းကေသရာ + သက္ကရာဇ်ရောင်ဝေလင်း 💙